Myanmar Platform

ပလက်စတစ်ဆာဂျရီပြုလုပ်သူတွေက သာမန်လူတွေထက် ပိုမိုအိုမင်းရင့်ရော်နိုင်

Jasmine 2018-07-11 1598 Brightside


ပလက်စတစ်ဆာဂျရီနဲ့ ခွဲစိတ်ပြုပြင်တာဟာ အရင်ကတည်းက ခေတ်စားနေခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင်တောင်မှ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများကို ပလက်စတစ်ဆာဂျရီနဲ့ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့သူတစ်ဦးအဖြစ် နာမည်ကြီးခဲ့ပါတယ်။ အခုခါမှာဆိုရင်လည်း ပလက်စတစ်ဆာဂျရီနဲ့ မျက်နှာအလှခွဲစိတ်ပြုပြင်တာက တော်တော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။


မျက်နှာအဆီထုတ်ခြင်း၊ နှာခေါင်းပြုပြင်ခြင်း၊ နုပျိုးဆေးထိုးခြင်း၊ နှုတ်ခမ်း Filler ထိုးခြင်း၊ မျက်ရည် အိတ်ဖောက် ခြင်း စတဲ့ အလှပြုပြင်ခွဲစိတ်မှုတွေအပြင် ကိုယ်ကြိုက်နှစ်သက်တဲ့ မျက်နှာအလှ ပိုင်ရှင် လေး ဖြစ်အောင် အသားအနာခံပြီး ပလက်စတစ်ဆာဂျရီပြုလုပ်သူတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာပါတယ်။ ခုလို ခေတ်မှီနည်းပညာတွေ ပေါ်ပေါက်လာတဲ့ အတွက်လည်း လူအများစုက ပလက်စတစ်ဆာဂျရီပြုလုပ်ခြင်းကို ယုံကြည်စိတ်ချစွာနဲ့ ခွဲစိတ်ပြုပြင်လာရဲကြတာလည်း ဖြစ်နိုင်ပါ တယ်။


ပလက်စတစ်ဆာဂျရီပြုလုပ်ခြင်းက ကိုယ်လိုချင်တဲ့ မျက်နှာအနေအထားအတိုင်း ခွဲစိတ်ပြုပြင်ရတဲ့ အတွက် လှချင်သူတွေအတွက်တော့ မိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိစေမှာပါ။ ဒါပေမယ့် ဘေးထွက် ဆိုးကျိုးတွေကတော့ မနည်းလှပါဘူး။ ပလက်စတစ်ဆာဂျရီပြုလုပ်တာက အချိန်တစ်ခု အထိတော့ ဆွဲဆောင်မှုရှိပြီး လှပနေပေမယ့် အချိန်ကြာလာတဲ့အခါ အသားအရောင် မညီမညာ ဖြစ်ခြင်း၊ ဆေးနဲ့ မတည့်ခြင်းကြောင့် အလာ့ဂျစ်ဖြစ်ခြင်းအပြင် ဆေးဝါးများကိုလည်း မကြာခဏ ဆိုသလို မှီဝဲသောက် သုံးရပါသေးတယ်။ နောက်ပြီးတော့ မျက်နှာကို ပလက် စတစ်ဆာဂျရီ ပြုလုပ်ပြီး ခွဲစိတ်ပြုပြင်သူတွေက မပြုလုပ်သူတွေထက်ကိုပိုပြီး အိုမင်းရင့်ရော်မှုကို ခံစားရနိုင် တယ်လို့ ဆိုထားပါတယ်။ မျက်နှာအရေး ကြောင်းများ လျင်မြန်စွာ ထွက်ပေါ်လာခြင်းအပြင် အသားအရေ တွန့်ခြင်း၊ ပါးရေတွန့်ခြင်းနဲ့ နဂိုရှိရင်း အသက်အရွယ်ထက် အသက်ကြီးသလို ဖြစ်ပေါ်လာနိုင်ပါ တယ်။ ဒါ့ကြောင့် ခွဲစိတ်ပြုပြင်ထားသူနဲ့ ခွဲစိတ်ပြုပြင်ခြင်းလုံးဝမရှိတဲ့သူတွေကို နှိုင်းယှဉ်ကြည့်တဲ့ အခါ အမှန်တကယ် ကွဲပြားခြားနား မှုကို မြင်တွေ့ ရပါလိမ့်မယ်။ အသက်အရွယ်ချင်း တူကြပေမယ့် ပလက်စတစ်ဆာဂျရီ ပြုလုပ်ထားသူတွေက ပိုမိုအိုမင်းရင့်ရော် နေတာကို တွေ့မြင်ရမှာပါ။


Renée Zellweger and Christy Turlington (born in 1969)

1531286436518.jpg


Donatella Versace and Judy Davis (born in 1955)

1531286432254.jpg


Daryl Hannah and Julianne Moore (born in 1960)

1531286426320.jpg


Carla Bruni and Maria Bello (born in 1967)

1531286422644.jpg


Tara Reid and Kate Winslet (born in 1975)

1531286418234.jpg


Uma Thurman and Rachel Weisz (born in 1970)

1531286412906.jpg


Melania Trump and Jennifer Connelly (born in 1970)

1531286404989.jpg


Courteney Cox and Michelle Fairley (born in 1964)

1531286399315.jpg


Kim Basinger and Isabel Huppert (born in 1953)

1531286394311.jpg


Melanie Griffith and Gladys Portugues (born in 1957)

1531286389430.jpg


Pamela Anderson and Julia Roberts (born in 1967)

1531286384794.jpg


Madonna and Sharon Stone (born in 1958)

1531286378812.jpg


Tori Spelling and Heidi Klum (born in 1973)

1531286373503.jpg


Megan Fox and Alexandra Daddario (born in 1986)

1531286360555.jpg

comments

There is no comment

Publish reply