Myanmar Platform

တရုတ်ရဲ့ Baidu ကုမ္ပဏီက မောင်းသူမဲ့ ဘတ်စ်ကားကို စတင်မိတ်ဆက်

Tayza 2018-07-05 655 Japantoday

ဇူလိုင် ၅


 တရုတ်နိုင်ငံရဲ့  အင်တာနက်ကုမ္ပဏီကြီး Baidu ကုမ္ပဏီက နိုင်ငံတ၀န်းက ခရီးသွားလာရေးနေရာများနဲ့ လေဆိပ်တွေမှာ ပထမဆုံး မောင်းသူမဲ့ မီနီဘတ်စ်ကားတွေ ထားရှိဖို့ အများအပြားထုတ်လုပ်လျက်ရှိတယ်လို့ ဇူလိုင် ၄ ရက် ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

Baidu ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ ရော်ဘင်လီက Xiame မြို့ အရှေ့ တောင်ဘက်မှာ ရှိတဲ့ စက်ရုံတစ်ခုအတွင်း မီနီဘတ်စ်ကား ၁၀၀ ထုတ်လုပ်လျက်ရှိတာကို ကြည့်ရှုခဲ့ပြီး ယခုနှစ်ဟာ စီးပွားဖြစ် မောင်းသူမဲ့ ယာဉ်မောင်းနှင်ခြင်းအတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း၊ Apolong ဘတ်စ်ကား အမြောက်အများထုတ်လုပ်မှုကနေ မောင်းသူမဲ့ ယာဉ်မောင်းနှင်စနစ်ရဲ့  အကြီးအကျယ်အောင်မြင်မှုတွေကို တွေ့ မြင်နိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။

အဆိုပါ Apolong မီနီဘတ်စ်ကားမှာတော့ ထိုင်ခုံ ၁၄ ခုံပါဝင်ပြီး သာမန်ဘတ်စ်ကားရဲ့ သုံးပုံ တစ်ပုံခန့် ရှိမှာဖြစ်ကာ ဒရိုင်ဘာထိုင်ခုံနဲ့ ဘရိတ်တွေ မပါဝင်ဘူးလို့ သိရပါတယ်။

အဆိုပါ မီနီဘတ်စ်ကားကို Baidu နဲ့အတူ တရုတ်ဘတ်စ်ကားထုတ်လုပ်ရေးကုမ္ပဏီ King Long နဲ့ ပူးပေါင်းထုတ်လုပ်ပြီး ပေဂျင်း၊ ကွမ်ကျိုး၊ ရှန်ကျန်းနဲ့ မီဂါမြို့ သစ် Xiogan မြို့ များအပါအဝင် မြို့ ကြီးများရှိ ခရီးသွားဧည့်သည်များရှိရာ နေရာများနဲ့ လေဆိပ်တွေမှာ စီးပွားဖြစ် အသုံးပြုသွားမယ်လို့ သိရပါတယ်။

လာမယ့်နှစ်အစောပိုင်းမှာတော့ ဂျပန်မောင်းသူမဲ့ မော်တော်ကားဈေးကွက်အတွင်း ၀င်ရောက်မှာဖြစ်ပြီး နျူကလီးယားဓါတ်အားပေးစက်ရုံ သို့မဟုတ် ဒေသခံသက်ကြီးရွယ်အိုများအတွက် တိုကျိုမြို့ သို့ လွန်းပျံခေါက်တုံ ပြေးဆွဲဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Level 4 အဆင့်ရှိ အဆိုပါမောင်းသူမဲ့ ယာဉ်တွေကို လူပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ သတ်မှတ်တည်နေရာအတွင်း မောင်းနှင်နိုင်မယ်လို့ မော်တော်ကား ထုတ်လုပ်တဲ့အင်ဂျင်နီယာတွေက သတ်မှတ်ထားပါတယ်။ ဒါဟာ မော်တော်ယာဉ်များသွားလာလျက်ရှိတဲ့လမ်းမထက် မည်သည်နေရာမဆို လည်ပတ်နိုင်မယ့် ပထမဆုံး မောင်းသူမဲ့ ဘတ်စ်ဖြစ်လာမယ်လို့လည်း သိရပါတယ်။

Baidu ကို တရုတ်ရဲ့ Google အဖြစ် ရည်ညွှန်းလေ့ရှိကြပြီး တရုတ်နိုင်ငံအတွင်း အင်တာနက်ရှာဖွေရေးမှာ ဦးဆောင်လျက်ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကာ မိုဘိုင်းအသုံးပြုပြီး အွန်လိုင်းငွေပေးချေမှု အစရှိတဲ့ ၀န်ဆောင်မှုတွေမှာပါ အကြီးအကျယ် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းလည်း သိရပါတယ်။

_ref:japantoday


comments

There is no comment

Publish reply