Myanmar Platform

Home>>News >> Domestic 
  1. NO DATA
ဆောင်းရာသီမှာအနွေးထည်နဲ့ရှိုးထုတ်ချင်သူတွေအတုယူသင့်တဲ့ဆယ်လီတို့ရဲ့ ဖက်ရှင်များ[detail]
မစ္ဆရိယစိတ် (၅)မျိုးရှိတယ်ဆိုတာ သင်သိပါသလား[detail]
ရုရှား၊ ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တို့ တက်ရောက်မယ့် ဆီးရီးယားအရေးဆွေးနွေးပွဲ တူရကီအစိုးရ လက်ခံကျင်းပပေးဖို့ရှိ[detail]
မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါကြောင့် လူသေဆုံးမှုက အဆင့်သုံးနေရာရှိ[detail]
တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှုပထမဆုံးအကြိမ် တောင်တရုတ်ပင် လယ်ပြင်မှာပြုလုပ်သွားဖို့ရှိ[detail]

ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများကြောင့် မေလအတွင်း တရားစွဲဆိုခံထားရသော အမှု ၁၄ မှုရှိလာ

PyaePyae 2018-05-16 1057 myanmaplatform

ရန်ကုန်၊ မေ ၁၆


ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများကြောင့် မေလအတွင်း တရားစွဲဆိုခံထားရသော အမှုအရေအတွက်(၁၄)  မှု ရှိ လာကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)မှ ထုတ်ပြန်ထားသည်။

မေလအတွင်း ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ(၄၅) ဦး တရားရင်ဆိုင်နေရကာ ယင်းအမှုများအနက် ရန်ကုန်တိုင်းတွင် (၇) မှု၊ မန္တလေးတိုင်းတွင် (၃) မှု၊ ကချင်ပြည်နယ်တွင် (၂) မှုနှင့် ပဲခူးတိုင်းတွင် (၂) မှုတို့ပါဝင်ကြောင်း သိရသည်။

တရားစွဲဆိုရာတွင် အသုံးပြုခဲ့သော ပုဒ်မများမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ -၁၉ ၊ ပုဒ်မ -၂၀ နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ အသေရေဖျက်မှု တို့ဖြစ်သည်။

တရားစွဲဆိုခံရသူ ၄၅ ဦးအနက် အများစုသည် အသက်(၁၈)နှစ်မှ ၃၀ ၀န်းကျင် လူငယ်များဖြစ်ကြပြီး ပျမ်းမျှအားဖြင့် အသက် ၂၀ နှစ်မှ ၂၅နှစ် အတွင်းရှိ လူငယ်များ ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်တွင် တနိုင်းဒေသတိုက်ပွဲများကြောင့် ဒေသခံများမှာ တောနက်ထဲတွင် စစ်ရှောင်နေရသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်သည်။


comments

There is no comment

Publish reply