Myanmar Platform

Home>>News >> Domestic 
  1. NO DATA
ကိုယ်ပိုင်ဝက်ဆိုဒ်တွင် အာဆင်နယ်နည်းပြအဖြစ် တင်ခဲ့တဲ့ပုံကို ပြန်လည်ဖယ်ရှားခဲ့တဲ့ အူနှိုင်းအမ်မရီ[detail]
တိုင်းပြည်ဘဏ္ဍာငွေကူညီပေးဖို့ မလေးဝန်ကြီးတွေရဲ့ လစာ ၁၀ ရာခိုင်နှုန်း ဖြတ် တောက်သွားရန် သဘောတူညီ[detail]
မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က နိုင်ငံတော်ကြွေးမြီဟာ ဂျီဒီပီရဲ့ ၆၅ ရာခိုင်နှုန်းရောက်ရှိနေကြောင်း ပြောကြား[detail]
မေလ ၂၄ ရက်မှ ၃၀ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာ့ကမ်းရိုးတန်း တလျှောက် ၀င်ရောက်လာနိုင် တယ်လို့ ဒေါက်တာထွန်းလွင်ပြော[detail]
Rose QuartzကိုGirl Generation လိုအောင်မြင်စေချင်တယ်ဆိုတဲ့ စင်ဒီနဲ့နေခြည်[detail]

စွန့်လွှတ်ရန် ကျန်ရှိမြေများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် စွန့်လွှတ်နိုင်ရေးလိုအပ်တယ်လို့ ဒုတိယ သမ္မတပြော

Bo Than 2018-05-16 364

နေပြည်တော်၊ မေလ

 

ပြည်သူလူထု အကျိုးအတွက် စွန့်လွှတ်ရန် ကျန်ရှိမြေများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် အမြန်ဆုံး စွန့် လွှတ်နိုင်ရန်လိုအပ်တယ်လို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော် မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြား လိုက်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ် အပ်နှံသည့် စိုက်ပျိုးမြေများအား မူလတောင်သူများထံ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃) ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက “တိုင်းပြည်အကျိုး၊ ပြည်သူလူထု အကျိုးအတွက် စွန့်လွှတ်ရန် ကျန်ရှိမြေ များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် စွန့်လွှတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက် ဖို့လိုတယ်” လို့ ပြောပါတယ်။

လက်ရှိတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မ တီအနေဖြင့် မူလမြေပိုင်ရှင် များအား ပြန်လည် ပေးအပ်နိုင်ရေးနှင့် စပ်လျဉ်း၍ မူဝါဒ(၁ဝ)ရပ်၊ တပ်မြေသိမ်းဆည်းမှုနှင့် စပ်လျဉ်း သည့် မူဝါဒ(၃)ရပ်၊ သိမ်းဆည်းမြေများကို ပြန်လည်ပေးအပ်ရန် လျှောက်ထားလာခြင်းနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက်လေးချက်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက်ငါးချက်၊ သိမ်းဆည်း ထားသည့် ဌာနမှ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက်ခြောက်ချက်၊ စွန့်လွှတ်သည့် မြေများကို သက်ဆိုင်သူ လက်ဝယ်အမြန် ရောက်ရှိရေး လုပ်ငန်းစဉ်(၉)ရပ်၊ တိုင်းဒေသကြီး/ ပြည်နယ် လယ် ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများက အလေးထား ဆောင်ရွက် ရန် လုပ်ငန်းစဉ် (၁၅)ချက်တို့ကို ချမှတ်ပေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိတယ်လို့ဆို ပါတယ်။

ဒုတိယသမ္မတက “ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးသည့် အချို့ကိစ္စများတွင် သက် ဆိုင်ရာ ဝန်ကြီးဌာနက စွန့်လွှတ်ထားပြီး ဖြစ်သော်လည်း ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရန်မှာ အချိန်ကြန့်ကြာေtjrefနမှုများ၊ ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိခြင်းမရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများ၊ မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ် အငြင်းပွားနေမှုများ ကျူးကျော်သူများအား ရှင်းလင်းနေရသည့် အခြေအနေများ ဖြစ်ပွားနေသည်ကိုလည်း စိစစ်တွေ့ရှိရသည့် အတွက် အမှုတွဲများ ပြီးပြတ်မှု မရှိဘဲ နှောင့်နှေးနေတယ်” လို့ ထပ်မံပြောပါတယ်။

 အခမ်းအနားတွင် မြစ်သားမြို့နယ် အတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ်(၁) ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ (မိုင်းမော)မှ အမှန်တကယ် လိုအပ်သည့် မြေကိုသာ အသုံးပြုပြီး စိုက်ပျိုးမြေဧရိယာ ဧက ၂၁၈ ဒသမ ၉ဝ ဧကကို တောင်သူ ၅၃ ဦးလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃)များ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

မန္တလေးတိုင်း ဒေသကြီးအတွင်း   စွန့်လွှတ် အပ်နှံမြေများကို မူလတောင်သူများထံ  ပြန်လည် အပ်နှံရာတွင် လက်ရှိ တွင်   ၆၅၁ ဦးသို့ စိုက်ပျိုးမြေ၂၁၅၆ဧကလွှဲပြောင်းပေးနိုင်ခဲ့ကြောင်းသိရပါတယ်။


comments

There is no comment

Publish reply