Myanmar Platform

Home>>News >> Domestic 
  1. NO DATA
ကိုယ်ပိုင်ဝက်ဆိုဒ်တွင် အာဆင်နယ်နည်းပြအဖြစ် တင်ခဲ့တဲ့ပုံကို ပြန်လည်ဖယ်ရှားခဲ့တဲ့ အူနှိုင်းအမ်မရီ[detail]
တိုင်းပြည်ဘဏ္ဍာငွေကူညီပေးဖို့ မလေးဝန်ကြီးတွေရဲ့ လစာ ၁၀ ရာခိုင်နှုန်း ဖြတ် တောက်သွားရန် သဘောတူညီ[detail]
မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က နိုင်ငံတော်ကြွေးမြီဟာ ဂျီဒီပီရဲ့ ၆၅ ရာခိုင်နှုန်းရောက်ရှိနေကြောင်း ပြောကြား[detail]
မေလ ၂၄ ရက်မှ ၃၀ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာ့ကမ်းရိုးတန်း တလျှောက် ၀င်ရောက်လာနိုင် တယ်လို့ ဒေါက်တာထွန်းလွင်ပြော[detail]
Rose QuartzကိုGirl Generation လိုအောင်မြင်စေချင်တယ်ဆိုတဲ့ စင်ဒီနဲ့နေခြည်[detail]

သီလ၀ါလယ်ယာမြေအငြင်းပွားမှုဝန်ကြီးချုပ်ခေါ်ယူဖြေရှင်းပေးသည့်အစည်းအဝေးအပေါ်ကျေနပ်အားရမှုမရှိကြောင်းဒေသခံလယ်သမားများပြောကြား

Yamin Cho 2018-05-16 255

ရန်ကုန်၊မေလ


ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလ၀ါကျေးရွာရှိ ဆိပ်ကမ်းလုပ်ကွက် အမှတ်(၁၂)နှင့် (၁၃) တွင်ဒေ သခံလယ်သမားများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ် မှုများကို ဖြေရှင်းပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးတွင်  ပြုလုပ်ခဲ့သည့် အစည်းအဝေးမှာ အားရဖွယ် ရာမရှိကြောင်း ဒေသခံလယ်သမားများကပြောပါတယ်။

“၀န်ကြီးချုပ်က ကျွန်တော်တို့ကို ဘာပြောလဲဆိုရင် လယ်သမားတွေပိုင်ဆိုင်မှုရှိ လား။ အထောက် အထားရှိ လား။ပြေစာရှိလား။ လယ်ဘယ်နှဧက ပိုင်လဲ ။ ဒီလိုပဲမေးခဲ့တာရှိတယ်။ ကျွန်တော်တို့က ဘာမှ အထွန့် တက်ပြီးတော့ မေးလို့ မရခဲ့ဘူး။ ကျွန်တော်က လယ်သမားအားလုံးကိုယ်စားပြောလို့လဲ မရခဲ့ဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ ဟာပဲပြောခွင့်ရှိတယ်။ သူက ဒီအစည်းအဝေးက ဆုံးဖြတ်လို့မရသေးဘူး ချက်ချင်းအကောင်အထည်ဖော်ပေး မယ်လို့ပြောခဲ့တယ်။ သူရဲ့ပြောစကားတွေက အားရမှုမရှိပါဘူး ကျွန်တော်တို့မျှော်မှန်းထားတာတွေ တစ်ခုမှမပြောပါဘူး။ဝန်ကြီးချုပ်ပုံစံကတော့ ကျွန်တော်တို့ ပြည်သူတွေ ဒေသခံတွေကို ကျူးကျော်တွေလို့ သတ်မှတ် ထားတယ်။အဲ့ဒီအစည်းအဝေးကြီးမှာ  ပြောသွားတာလည်း ကုမ္ပဏီဘက်က တော်တော်များများ လိုက်ပြောနေတဲ့ စကားတွေပေါ့နော် ဘယ်လိုဟာမျိုးလည်းဆိုရင် ဒီကုမ္ပဏီက လက်ရောက်ယူပြီးတော့ အလုပ်လုပ်မယ့် ကုမ္ပဏီ အကျိုးအမြတ်ရှိမယ့်ကုမ္ပဏီက ဒီလျော်ကြေးပေးရမှာမဟုတ်ဘူး အစိုးရကပေးရမှာလို့ပြောနေတယ်” ဟု ဒေသခံလယ်သမားတစ်ဦး ဖြစ်သည့် ဦးသန်းဝင်းကပြောပါတယ်။

သီလ၀ါကျေးရွာရှိ ဆိပ်ကမ်းလုပ်ကွက် အမှတ်(၁၂)နှင့် (၁၃) သည် (၁၉၉၆-၁၉၉၇) ခုနှစ်တွင်  စီမံ ကိန်းဖော်ဆောင်ရန် အိုးအိမ်ဦးစီးဌာနမှ တစ်ဧက ကို ငွေကျပ် နှစ်သောင်းနှုန်းဖြင့်ပေးကာ လယ်သမားများထံမှ အဓမ္မသိမ်းယူထားသည့် မြေများဖြစ်ပြီး စီမံကိန်းဖော်ဆောင်ရွက်ခဲ့ ခြင်းမရှိသည့်အတွက် ယနေ့ချိန်အထိ စိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်း လယ်သမားများ၏ပြောကြားချက်အရ သိရပါတယ်။

“လက်ငုတ်ကိုလျော်တယ်တဲ့ ကျွန်တော်တို့တော့မလျော်ဘူးတဲ့  ဒါတရားမမျှတပါဘူး လက်ရှိ ကျွန်တော် တို့ကလယ်လုပ်နေတဲ့သူတွေ ကျွန်တော်တို့က ဒီမြေကို လာအပ်ရမှာပါ။ အစိုးရက လျော်ပေးထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို လျော်တာမဟုတ်ပါဘူး ။ အဲ့ဒီအတွက် ဒီမြေက မထွက်ပေးနိုင်ပါဘူး ။ကျွန်တော်တို့စားဝတ်နေရေးရှိပါတယ်။ အခြားကုမ္ပဏီတွေကတော့ ဒေသခံတွေရှင်းလင်းပြီးမှ သူတို့အလုပ်ကို လုပ်ပါတယ်။ ဒီကုမ္ပဏီကတော့ သေနတ်နဲ့ ချိန်တယ်၊ ပစ်တယ်၊ အချုပ်ထဲရောက်ရတယ်” ဟု ဒေသခံလယ်သမား တစ်ဦးကပြောပါတယ်။

အဆိုပါမြေကွက်တွင်နေထိုင်သူ မိသားစု(၃၀)ရှိပြီး လူဦးရေ (၁၀၀)ခန့်နေထိုင်လျက်ရှိကြောင်းသိရပါတယ်။

“ကျွန်တော်တို့ မတရားအချုပ်ခံလိုက်ရတယ်။ ကျွန်တော်တို့လယ်တွေကို ကျွန်တော်တို့ကာကွယ်ခွင့်မရှိဘူး။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ဟာတွေကို ထောက်ပြတယ်။ပြသတယ်။ ဒါတွေကို လျစ်လျူရှုထားတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက အခြားကုမ္ပဏီတွေ လုပ်သွားသလို ဒီထဲမှာရှိနေတဲ့ လယ်သမားမိသားစုတွေအားလုံးကို ဖြေရှင်းပြီးမှ လုပ်ငန်းဆက်လုပ်ကြပါ။ ဆွေးနွေးတုန်းက ထောက်ပြခဲ့တာရှိပါတယ်။ လုပ်ငန်းလုပ်မယ်ဆိုရင် ဒီထဲက လူတွေ အလုပ်သမားတွေ အကုန်ရှင်းထုတ် သင့်တော်တဲ့ လျော်ကြေးညှိညှိ နှိုင်းနှိုင်းနဲ့ လုပ်ပြီးတဲ့ အခါမှ သူတို့လုပ်ချင်တဲ့ လုပ်ငန်းကို ဆက်လုပ်သင့်ကြောင်း အကြံပြုခဲ့သေးတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် လယ်သမားဦးသန်းဝင်းကပြောပါတယ်။

သီလ၀ါကျေးရွာရှိ လယ်ယာမြေဧက ၁၀၀နီးပါးသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင်သည်ဟုဆိုကာ လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုတစ်ခုသည် ပြီးခဲ့သည့် မေလ(၁၂)ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်မှ  လယ်သမား သုံးဦး သေနတ်ဒဏ်ရာ (ရော်ဘာကျည်ဟုယူဆရသောသေနတ် ) ရရှိခဲ့ခြင်း ဖြစ်ပါတယ်။


comments

There is no comment

Publish reply