Myanmar Platform

Home>>News >> Domestic 
  1. NO DATA
အပူပိုင်း မုန်တိုင်း ဘီဘင်ကာ၏ အရှိန်ကြောင့်ယနေ့ ညနေမှ လာမည့် ၇၂ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုတွင် မိုးကြီးနိုင်[detail]
စမကွက်တွေ၊ အင်းကွက်တွေနဲ့ တည်ထားကိုးကွယ်ထားတဲ့ သာကေတမြို့ရဲ့ကျက်သရေဆောင် ၁၀၈တောင်ဘုရားရဲ့ သမိုင်းအကြောင်းတွေနဲ့ ထူးခြားမှုတွေကို မြန်မာ့ပလက်ဖောင်းရဲ့ဗောဓိအလင်းအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။[detail]
နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဇူလိုင်လအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် တောဆင်ရိုင်းကာ ကွယ်စောင့်ရှောက်သူကို ရွေးချယ်[detail]
ဝလွန်းတဲ့ခန္ဓာကိုယ်ကြောင့်အမြဲစနောက်ခံရတဲ့ထိုင်းကျောင်းသားတစ်ဦးအဆုံးစီရင်[detail]
အမြန်လမ်းမှာခေါင်းပြတ်ကြီးကိုတွေ့ခဲ့ရဖူးတယ်ဆိုတဲ့ဟာသ လူရွှင်တော်အောင်သော်ရဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ရာ အတွေ့အကြုံတွေကို မြန်မာ့ပလက်ဖောင်းရဲ့ Cele Scary Moment အစီအစဉ်ကနေတင်ဆက်ပေးလိုက်ပါ တယ်[detail]

ဥပဒေဘောင်ကျော်အင်အားသုံးအကြမ်းဖက်ခဲ့မှုအပေါ်သီလ၀ါမှဒေသခံလယ်သမားများပြန်လည်တရားစွဲဆိုသွားမည်

Yamin Cho 2018-05-16 1015

ရန်ကုန်၊မေလ


ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလ၀ါကျေးရွာရှိ ဆိပ်ကမ်းလုပ်ကွက် အမှတ်(၁၂)နှင့် (၁၃)ရှိ လယ်သမားများအနေဖြင့် ဥပဒေဘောင်ကျော်အင်အားသုံးကာ အကြမ်းဖက်ခံရခြင်းအပေါ်သီလ၀ါမှဒေသခံများ အနေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း  မေလ(၁၆)ရက်က ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

သီလ၀ါကျေးရွာရှိ လယ်ယာမြေဧက ၁၀၀နီးပါးသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင်သည်ဟုဆိုကာ လယ် သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုတစ်ခု ပြီးခဲ့သည့် မေလ(၁၂)ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်မှ  လယ်သမား သုံးဦး သေနတ်(ရော်ဘာကျည်ဟုယူဆရသောသေနတ် ) ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။

“အဖမ်းခံရတဲ့သူတွေက အာမခံနဲ့ ဒေါ်အေးမြမျိုးရဲ့ အကူအညီနဲ့ အပြင်ပြန်ထွက်လာပြီပေါ့။ ဦးပိုင်ကုမ္ပဏီကို ကျွန်တော်တို့ဘက်ကလည်း တရားပြန်စွဲသွားမှာဖြစ်ပါတယ်။ ဥပဒေပညာရှင်တွေကလည်း ကျွန်တော်ကို အကူညီပေးမယ်လို့ပြောထားပါတယ်” ဒေသခံလယ်သမားတစ်ဦးဖြစ်သူ ဦးသန်းဝင်းကပြောပါတယ်။

သီလ၀ါကျေးရွာရှိ ဆိပ်ကမ်းလုပ်ကွက် အမှတ်(၁၂)နှင့် (၁၃) လယ်ယာမြေဧက ၁၀၀နီးပါးသည် မြန်မာ့စီး ပွားရေးဦးပိုင်လီမိတက်ပိုင်သည်ဟုဆိုကာ သဲမှုတ်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေခြင်းကို အဆိုပါဒေသတွင် နေထိုင်သည့် လယ်သမားများက တားဆီးပိတ်ပင်ခဲ့ပြီး လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားရာမှ ရဲတပ်ဖွဲ့က သေနတ်များဖြင့် ပစ်ပေါက်ခဲ့ရာမှ လယ်သမားအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

“ကျွန်မတို့ကို ညှိနှိုင်းမှုမရှိဘူး။ ကျွန်မတို့ ဘယ်နေရာသွားနေရမလဲ။ သူတို့ကတစ်နေ့ ငါးထောင်နဲ့ဆိုပြီး မိန်းမတွေငှားလာပါတယ်။ အဲ့ဒီမိန်းမတွေနဲ့ ကျွန်မတို့နဲ့စကားများကြတာကို အဲ့မိန်းမတွေကို ရှေ့တိုးခိုင်းပြီး ရဲတွေက နောက်ကနေ ဒိုင်းတွေနဲ့ကာပြီး ထွက်လာပါတယ်။ ကျွန်မတို့က ပြည်သူတွေဘက်ကပါမှာလား ကုမ္ပဏီဘက်ကပါမှာလားမေးတော့ သူတို့ဘက်ကမဖြေဘဲ ဒိုင်းတွေနဲ့ထွက်လာတယ်။ ခရိုင်မှူးရယ် မြို့နယ်မှူးရယ် သူတို့ဘက်က ကုမ္ပဏီက လူတွေက နယ်လုံဝန်ကြီးအမိန့်နဲ့ ပစ်တာ နောက်ဆုတ်စရာ မလိုဘူးဆိုပြီး ပစ်တာ ပထမတစ်ချက်ကို ကောင်းကင်ကိုပစ်လိုက်တော့ အကုန်ကြားတယ် ဘယ်သူမှတော့မထိဘူး။ နောက်တချက်က ဦးအောင်နိုင်စိုး ခြေထောက်ကို ထိသွားတယ်။ နောက်ဆုံး တစ်ချက်က ကျွန်မရဲ့အမေဗိုက်ကို ထိသွားတယ်။ အခု သန်လျင်ဆေးရုံရဲ့ အရေးပေါ်မှာ တင်ထားရပါတယ်”  ဟု သေနတ်ဒဏ်ရာရရှိခဲ့သော အမျိုးသမီး၏ သမီးဖြစ်သူကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလ၀ါကျေးရွာရှိ ဆိပ်ကမ်းလုပ်ကွက် အမှတ်(၁၂)နှင့် (၁၃) သည် (၁၉၉၆-၁၉၉၇) ခုနှစ်တွင်  စီမံကိန်းဖော်ဆောင်ရန် အိုးအိမ်ဦးစီးဌာနမှ တစ်ဧက ကို ငွေကျပ် နှစ်သောင်းနှုန်းဖြင့်ပေးကာ လယ်သမားများထံမှ သိမ်းယူထားသည့် မြေများဖြစ်ပြီး စီမံကိန်းဖော်ဆောင်ရွက်ခဲ့ ခြင်းမရှိသည့်အတွက် ယနေ့ချိန်အထိ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း လယ်သမားများ၏ပြောကြားချက်အရ သိရပါတယ်။

“အခုလက်ရှိမှာ ရဲအင်အားတွေနဲ့ လုံခြုံရေးချထားတယ် အများကြီးတော့ မဟုတ်ဘူး ဟိုတစ်စု ဒီတစ်စု ချထားတယ်။ လမ်းဆုံတွေမှာလည်း ချထားတယ်။ သူတို့စစ်ဆေးချင်တဲ့သူကို စစ်ဆေးနေတဲ့အပိုင်းတွေရှိတယ်။ မိသားစုတွေကိုတော့ ၀င်ထွက်ဖို့ ခွင့်ပြုထားတယ်။ ခွင့်ပြုထားတဲ့ နေရာမှာ မိသားစု တဲအိမ်စုတွေကို ဘေးကနေ တာဘောင်တွေ တုပ်ပြီးတော့ ထားတဲ့ အတွက် အပြင်ကို တာဘောင်ကိုကျော်ရမယ်။ သူတို့ကုပ်တင်ထားတဲ့ မြောင်းကို ကျော်ပြီးမှ အပြင်ကို သွားလို့ရမယ့် အခြေအနေမှာ ရှိနေပါတယ်။နောက်တစ်ခုက သွားမယ်ဆို မြစ်ပေါက်ကို သူတို့ဖွင့်ပေးထားပါတယ်” ဟု ဒေသခံလယ်သမား ဦးသန်းဝင်းကပြောပါတယ်။

လက်ရှိမှာ လုံခြုံရေးကျရဲတပ်ဖွဲ့ဝင်များကို ဒဏ်ရာရရှိအောင်ပြုလုပ်သည့် လယ်သမားသုံးဦးအား သီလ၀ါနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၃၂ ၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ဒေသခံလယ်သမားများမှ လည်း အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်ခံခဲ့ရမှုများအတွက် ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရပါတယ်။


comments

There is no comment

Publish reply