Myanmar Platform

  1. NO DATA
ဆောင်းရာသီမှာအနွေးထည်နဲ့ရှိုးထုတ်ချင်သူတွေအတုယူသင့်တဲ့ဆယ်လီတို့ရဲ့ ဖက်ရှင်များ[detail]
မစ္ဆရိယစိတ် (၅)မျိုးရှိတယ်ဆိုတာ သင်သိပါသလား[detail]
ရုရှား၊ ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တို့ တက်ရောက်မယ့် ဆီးရီးယားအရေးဆွေးနွေးပွဲ တူရကီအစိုးရ လက်ခံကျင်းပပေးဖို့ရှိ[detail]
မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါကြောင့် လူသေဆုံးမှုက အဆင့်သုံးနေရာရှိ[detail]
တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှုပထမဆုံးအကြိမ် တောင်တရုတ်ပင် လယ်ပြင်မှာပြုလုပ်သွားဖို့ရှိ[detail]

မြန်မာအသင်းနည်းပြသစ်အဖြစ် နည်းပြအန်တွမ်နီဟေးကို စာချုပ်ချုပ်ဆို

Thu Han 2018-05-16 1300

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမန်လူမျိုးနည်းပြ အန်တွမ်နီဟေးကို မြန်မာ့လက်ရွေးစင် အသင်းနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးကာ စာချုပ်ချုပ်ဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြချုပ်အဖြစ် ဆောင်ရွက်မယ့် နည်းပြအန်တွမ်နီဟေးနဲ့ အဖွဲ့ကို ၂၀၁၈ ခုနှစ် မေလ၁၆ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းရှိသော စာချုပ်များကို ချုပ်ဆိုခဲ့ပါတယ်။

1526467558865.jpg

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ အန်တွမ်နီဟေးနဲ့ အတူ လက်ထောက်နည်းပြ ဟာလက်၊ ဂိုးနည်းပြ ဟာဇော့တို့ကိုပါ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အဆိုပါနည်းပြများနဲ့အတူ ပြည်တွင်းနည်းပြတစ်ဦးဖြစ်တဲ့ ဦးစိုးမြတ်မင်းကလည်း လက်ထောက်နည်းပြတစ်ဦးအဖြစ် အသင်း၏ နည်းပြအဖွဲ့တွင် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

1526467574798.jpg

အသက် ၄၇ နှစ်အရွယ် ဂျာမန်နည်းပြ အန်တွမ်နီဟေးဟာ ကစားသမား ဘ၀က ကွင်းလယ်လူ အဖြစ် ဆွစ်ကလပ် ဂရက်စ်ဟော့ပါး၊ ဂျာမန်ကလပ် ဒက်ဆယ်လ်ဒေါ့ဖ်၊ ရှော့ကေး၊ ကိုလုံး၊ အင်္ဂလန်ကလပ် ဘာမင်ဂမ်၊ ဘရစ္စတိုးလ်၊ အစရှိတဲ့ ကလပ်များတွင် ပါဝင်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့သူပါ။

https://picture.myanmaplatform.com/w/a/2018/05/16/1526467616178.jpg

အန်တွမ်နီဟေးဟာ နည်းပြအဖြစ်နဲ့ ဂမ်ဘီယာ၊ လိုင်ဘေးရီးယား၊ ကင်ညာ၊ ရ၀မ်ဒါ အစရှိတဲ့ အာဖရိက နိုင်ငံလက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ကာ နည်းစနစ် ဒါရိုက်တာအဖြစ်လည်း ဘာရိန်း ဘောလုံးအဖွဲ့ချုပ်နှင့် လိုင်ဘေးရီးယား ဘောလုံး အဖွဲ့ချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သူပါ။


comments

There is no comment

Publish reply