Myanmar Platform

  1. NO DATA
ဆောင်းရာသီမှာအနွေးထည်နဲ့ရှိုးထုတ်ချင်သူတွေအတုယူသင့်တဲ့ဆယ်လီတို့ရဲ့ ဖက်ရှင်များ[detail]
မစ္ဆရိယစိတ် (၅)မျိုးရှိတယ်ဆိုတာ သင်သိပါသလား[detail]
ရုရှား၊ ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တို့ တက်ရောက်မယ့် ဆီးရီးယားအရေးဆွေးနွေးပွဲ တူရကီအစိုးရ လက်ခံကျင်းပပေးဖို့ရှိ[detail]
မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါကြောင့် လူသေဆုံးမှုက အဆင့်သုံးနေရာရှိ[detail]
တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှုပထမဆုံးအကြိမ် တောင်တရုတ်ပင် လယ်ပြင်မှာပြုလုပ်သွားဖို့ရှိ[detail]

အဆင်မပြေမှုတွေကတစ်ချိန်မှာရပ်သွားမှာမို့လို့ခေါင်းထဲမှာရေရှည်စွဲပြီးမထားဘူးဆိုတဲ့မထက်(pop soul)

Tin Sandi Nay Win 2018-05-16 1987


မိတ်ကပ်ဖန်တီးရှင်များထဲတွင်နေရာတစ်နေရာတွင်ခိုင်မာရပ်တည်နေသော မထက်(pop soul)ကို မကြာသေးမီကလူမှုကွန်ရက်ပေါ်ကsexyဆန်ဆန်ဝတ်ပြီးရိုက်ထားတဲ့ပုံတွေနဲ့ပတ်သက်ပြီးဝေဖန်ကြတဲ့သူတွေအပေါ်ကို မထက်က “သဘောကျတဲ့သူတွေကလည်းသဘောကျတဲ့အလျောက်၊ ဝေဖန်တဲ့သူကလည်း ဝေဖန်တဲ့ အလျောက်ပေါ့နော်။ အစ်မတို့နိုင်ငံမှာကတော့ နိုင်ငံကျော်မင်းသား၊ မင်းသမီးတွေတောင်ဝေဖန်ခံရတယ် ဆိုတော့အစ်မတို့လိုဘာမှမဟုတ်တဲ့ သူတစ်ယောက်ကို ပြောကြတာတော့မဆန်းပါဘူး။ 

1526464856254.jpg

အစ်မကတော့ချစ်တဲ့စိတ်နဲ့ကြည့်ပေးတဲ့သူတွေအတွက်တော့ကျေးဇူးတင်တယ်။ဝေဖန်တဲ့သူတွေကိုလည်းဘယ်လိုမှသဘောမထားပါဘူး။ ကိုယ်လုပ်စရာရှိ တာ၊ကြိုးစားစရာရှိတာကိုသာပုံမှန်ကြိုးစားပါတယ်။ ကိုယ်ရိုက်ချင်တဲ့ပုံလေးတွေ ရိုက်ပြီးတော့ တင်ဖြစ်တယ်။ အစ်မကတော့ဝေဖန်တဲ့စကားတွေကို သိပ်ပြီး အရမ်းကြီးစိတ်ထဲထည့်ပြီးရင်ထဲထည့်ပြီးစိတ်မကောင်းဖြစ်နေတာမျိုးမရှိပါဘူး” လို့ဆိုပါတယ်။ 

1526464618979.jpg

နာကျင်စရာ၊၀မ်းနည်းစရာရှိလည်း ဖေ့ဘွတ်သုံးတာကစိတ်ပင်ပန်းမှုတွေကို ပျော်က်စေတယ်ဆိုတာကိုလည်း

"အစ်မအတွက်ဖေ့ဘွတ်သုံးတာကစိတ်ပင်ပန်းသက်သာမှုကိုလည်းရစေတယ်။ နောက်ပြီးတော့ Instagram သုံးရတာလည်းစိတ်ပင်ပန်းသက်သာမှုကို ရစေတယ်။ အစ်မကစာဖတ်ရတာကြိုက်တယ်။ အမေနဲ့စကားပြောရတာ ကိုယ့်ရဲ့စိတ်ကျဉ်းကျပ်မှုတွေ၊နာကျင်မှုတွေ၊ ကိုယ့်ရဲ့အခက်အခဲတွေ ကိုစကားပြောပြီးတော့ အမေရဲ့ဖေးမမှုတွေရရင် လူကစိတ်သက်သာမှုလျော့ သွားတာပေါ့နော်။ အဓိကတော့အစ်မကခေါင်းထဲမှာ ရေရှည်စွဲမြဲပြီးထားလေ့ မရှိပါဘူး။ အခက်အခဲတွေ၊ စိတ်မပြေမှုတွေအကုန်လုံးက တစ်ချိန်မှာရပ်သွားမှာ ပါပဲလေ"လို့ဆိုပါတယ်။

1526464636658.jpg

ငယ်ငယ်ကတည်းက ခွဲစိတ်မှုလုပ်ခဲ့ရလို့သတိမေ့တတ်ပြီး ကိုယ့်အတွက် ခွဲစိတ်မှုဆိုတာကမထူးဆန်းတော့ဘူးဆိုတာကို မထက်က “ခွဲစိတ်မှုတွေခဏခဏလုပ်လို့လားမသိဘူး။ လူတွေအများကြီးကို အရမ်း မမှတ်နိုင်ဘူး။ ဖုန်းနံပါတ်တွေလည်းမမှတ်မိဘူး။ အမေ၊အဖေရဲ့မွေးသက္ကရာဇ်ေ တွ၊လတွေကိုမမှတ်မိတော့ဘူး။ နှစ်တန်း ကျောင်းသားအရွယ် ကလေးထဲကေ မ့ဆေးပေးပြီးခွဲစိတ်ဘူးတော့ အစ်မအတွက်ခွဲစိတ်မှုဆိုတာကထူးပြီးမနေပါဘူး။ကလေးဘ၀ထဲကသမိုင်းဘာသာတွေကျက်ရင်ခုနှစ်တွေမမှတ်နိုင်ဘူး။ ဟိုးအရင် ထဲက နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ဒီမေ့ဆေးဒဏ်တွေခံနေရတာပေါ့။ အခုခွဲ စိတ်လို့ဖြစ်တာတော့မဟုတ်ပါ ဘူး”လို့ဆိုပါတယ်။ 

1526464651768.jpg

မထက်အနေနဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်းလက်ရှိမှာတစ်ယောက် တည်းပဲဘ၀ကိုအေးဆေးတည်ငြိမ်စွာနဲ့ ဖြတ်သန်းပြီး အလုပ်တွေကိုပဲအာရုံ စိုက်ပြီးကြိုးစားနေတယ်လို့သိရပါတယ်။

 

 

 

 


comments

There is no comment

Publish reply