Myanmar Platform

  1. NO DATA
ကိုယ်ပိုင်ဝက်ဆိုဒ်တွင် အာဆင်နယ်နည်းပြအဖြစ် တင်ခဲ့တဲ့ပုံကို ပြန်လည်ဖယ်ရှားခဲ့တဲ့ အူနှိုင်းအမ်မရီ[detail]
တိုင်းပြည်ဘဏ္ဍာငွေကူညီပေးဖို့ မလေးဝန်ကြီးတွေရဲ့ လစာ ၁၀ ရာခိုင်နှုန်း ဖြတ် တောက်သွားရန် သဘောတူညီ[detail]
မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က နိုင်ငံတော်ကြွေးမြီဟာ ဂျီဒီပီရဲ့ ၆၅ ရာခိုင်နှုန်းရောက်ရှိနေကြောင်း ပြောကြား[detail]
မေလ ၂၄ ရက်မှ ၃၀ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာ့ကမ်းရိုးတန်း တလျှောက် ၀င်ရောက်လာနိုင် တယ်လို့ ဒေါက်တာထွန်းလွင်ပြော[detail]
Rose QuartzကိုGirl Generation လိုအောင်မြင်စေချင်တယ်ဆိုတဲ့ စင်ဒီနဲ့နေခြည်[detail]

ငွေအင်အား၊လူအင်အားသုံးပြီးပရိသတ်အားပေးရကျိုးနပ်အောင်‘Celebrity’ကိုထူးခြားမှုတွေနဲ့ဖန်တီးထားတယ်ဆိုတဲ့ဟန်ထူးဈာန်

Tin Sandi Nay Win 2018-05-16 260



‘အိမ်မက်ဆုံရာ’ဆိုတာကျွန်တော့်ရဲ့ဒုတိယမိခင်ပါပဲလို့ဆိုတဲ့ဟန်ထူးဈာန် တစ်ယောက်ကတော့ ‘Celabrity’ဆိုတဲ့သူ့ရဲ့DVDအခွေကို ပရိသတ်ရှေ့မှောက် ချပြတော့မှာပဲဖြစ်ပါတယ်။ သူ့ရဲ့တစ်ကိုယ်တော်အခွေ ‘Celebrity’နဲ့ပတ်သက်ပြီး ပြောပြတာကတော့ “ကျွန်တော့်ရဲ့တစ်ကိုယ်တော် ‘Celebrity’ DVDကိုတော့ ဇူလိုင်လပထမပတ်မှာထွက်ဖြစ်မှာပါ။ နောက်ပြီးဒီအခွေထဲကသီချင်းတွေ အကုန်လုံးကိုပဲ page ပေါ်တင်ပေးနေတာဆိုတော့နောက် ထပ်ရိုက်ဖို့ သီချင်း သုံးပုဒ်ပဲကျန်ပါတော့တယ်”လို့ဆိုပါတယ်။


1526456749529.jpg

အနုပညာနဲ့ပတ်သက်ရင်အကုန်ဝါသနာပါလို့သရုပ်ဆောင်ဘက်မှာမြင်တွေ့ရဖို့ကြိုးစားနေတဲ့အကြောင်းကိုလည်း

“ကျွန်တော်ဂီတအပြင်နောက်ထပ် သရုပ်ဆောင်လုပ်ဖို့ကမ်းလှမ်းထားတွေ ရှိတဲ့အတွက် ၆လပိုင်းတစ်လလုံး သရုပ်ဆောင်သင်တန်းတက်ပေးရပါမယ်။ အဲဒီ့အတွက်ကြောင့်လည်း ကျွန်တော့်အခွေနောက်ကျသွားပါတယ်။ အခုဆိုရင် သရုပ်ဆောင်ဘက်မှာလည်းကြိုးစားနေပါပြီ။ အမှန်အတိုင်းပြောရရင် အနုပညာ နဲ့ပတ်သက်ရင်ဝါသနာအကုန်ပါပါတယ်။ အဓိက၀ါ သနာပါ တာကတော့ အဆို ပိုင်းပါ။ သရုပ်ဆောင်ဖို့အတွက်ရုပ်ရှင်ဇာတ်ကား တွေကြည့်ပြီးလေ့ လာဖြစ် တယ်။ Seniorတွေဆီက အိုက်တင်ပိုင်းတွေလေ့လာဖြစ်တယ်။ အသစ်တစ်ယောက် ဖြစ်ပြီးကြိုး စားနေရတဲ့အတွက်အခက်အခဲတွေကတော့အများကြီရှိပါတယ်။ အတိုက်အခိုက်တွေလည်းကြုံခဲ့ရဘူးပါတယ်။ ကျွန်တော့်ကိုအားလုံးကလည်း သရုပ်ဆောင်ဖြစ်စေချင်ကြတော့ သရုပ်ဆောင်တာကပိုပြီးတော့တာဝန်ကြီး သွားပြီပေါ့"လို့ဆိုပါတယ်။


1526456771857.jpg

ငွေအင်အား၊လူအင်အားတွေအများကြီးသုံးပြီး ‘Celebrity’DVDအခွေကို ကြိုးစား ထားတယ်ဆိုတာကိုဟန်ထူးဈာန် က

“ကျွန်တော့်ရဲ့ Celebrity DVDအခွေကို ငွေအင်အား၊ လူအင်အားတွေအများကြီး သုံးထားပါတယ်။ပရိသတ်အားပေးရကျိုးနပ်မှာပါ။ ကြည့်ရတာနဲ့တန်အောင် သီချင်းတစ်ပုဒ်ချင်းစီမှာကျွန်တော်ဘယ်လောက်ထိ ကြိုးစားထားတယ်ဆိုတာ သိအောင်လို့ကိုသီချင်း၁၂ပုဒ်လုံးမှာ ကြိုးစားထားပါတယ်။ ပရိသတ်တွေ့ရမှာပါ။ 'လိမ်လိမ်မာမာနေပါကလေးရယ်'တို့၊ 'ပုံရိပ်ဟောင်း'သီချင်းတို့ဆို ကျွန်တော့်ရဲ့ Pageကနေလက်ဆောင်အနေနဲ့ ပရိသတ်တွေကိုတင်ပေးထားတာပါ။ ပရိသတ် အတွက်လုံးဝအားလုံးအမြင်ဆန်းစေရပါမယ်” လို့ဆိုပါတယ်။

 

1526456789375.jpg

‘မ’သီချင်းစဆိုကတည်းက ဒီသီချင်းကိုသင်ဇာဝင့်ကျော်နဲ့ရိုက်ဖို့ဆုံးဖြတ်ထားပြီး သဘောကျလို့ ရိုက်ဖြစ်သွားတာပါဆိုတာကိုလည်း

“အခုလာမယ့်၂၇ရက်နေ့မှာ ‘မ’သီချင်းကို မသင်ဇာ(သင်ဇာဝင့်ကျော်)နဲ့ရိုက်ဖို့ ရှိပါတယ်။ကျွန်တော်ကအစောကြီးကတည်းက မသင်ဇာကိုအရမ်းသဘောကျ တယ်။ ‘မ’သီချင်းကိုစပြီးသွင်းကတည်းကဒီသီချင်းကို မသင်ဇာနဲ့ပဲရိုက်မယ်ဆိုပြီး စိတ်ကူးရှိခဲ့ဘူးလို့အခုလိုရိုက်ဖြစ်သွားတာပါ။ နောက်ပြီး ကျွန်တော်သဘောကျ တဲ့မိန်းကလေးပုံစံမျိုးက သင်ဇာဝင့်ကျော်လိုပုံစံမျိုးလို့ပြောလို့ရပါတယ်” လို့ဆိုပြီးပြောပြခဲ့ပါသေးတယ်။

1526456810604.jpg

ဟန်ထူးဈာန်အနေနဲ့သူချစ်ရတဲ့ပရိသတ်အတွက် ဆိုပြီးလာမယ့်မေလ၂၂ရက်နေ့ မှာဟန်ထူးဈာန်pageကနေ ‘ပုံပြင်ဟောင်း’ဆိုတဲ့သီချင်းလေးကို ညနေ၅နာရီ ကနေ ၇နာရီအတွင်းမှာpageပေါ်တင်ပေးမယ်လို့သိရပါတယ်။


comments

There is no comment

Publish reply