Myanmar Platform

  1. NO DATA
အပူပိုင်း မုန်တိုင်း ဘီဘင်ကာ၏ အရှိန်ကြောင့်ယနေ့ ညနေမှ လာမည့် ၇၂ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုတွင် မိုးကြီးနိုင်[detail]
စမကွက်တွေ၊ အင်းကွက်တွေနဲ့ တည်ထားကိုးကွယ်ထားတဲ့ သာကေတမြို့ရဲ့ကျက်သရေဆောင် ၁၀၈တောင်ဘုရားရဲ့ သမိုင်းအကြောင်းတွေနဲ့ ထူးခြားမှုတွေကို မြန်မာ့ပလက်ဖောင်းရဲ့ဗောဓိအလင်းအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။[detail]
နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဇူလိုင်လအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် တောဆင်ရိုင်းကာ ကွယ်စောင့်ရှောက်သူကို ရွေးချယ်[detail]
ဝလွန်းတဲ့ခန္ဓာကိုယ်ကြောင့်အမြဲစနောက်ခံရတဲ့ထိုင်းကျောင်းသားတစ်ဦးအဆုံးစီရင်[detail]
အမြန်လမ်းမှာခေါင်းပြတ်ကြီးကိုတွေ့ခဲ့ရဖူးတယ်ဆိုတဲ့ဟာသ လူရွှင်တော်အောင်သော်ရဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ရာ အတွေ့အကြုံတွေကို မြန်မာ့ပလက်ဖောင်းရဲ့ Cele Scary Moment အစီအစဉ်ကနေတင်ဆက်ပေးလိုက်ပါ တယ်[detail]

ကိုယ်ဝန်ရှိပြီဆိုတာသိတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုစိတ်ချမ်းသာအောင်ထားပါ

Joy 2018-05-16 1725 mom365


အမျိုးသမီးတွေဟာ ကိုယ်ဝန်စရှိပြီဆိုတာနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာနေအောင် နေထိုင်သင့်ပါတယ်။ ဒါမှ ကလေးမီးဖွားတဲ့အခါ လွယ်လွယ်ကူကူချောချောမွေ့မွေ့နဲ့ ကျန်းမာတဲ့ကလေးလေးကိုမွေးဖွားနိုင်မှာဖြစ် ပါတယ်။ အဲဒီလို အစစအရာရာကျန်းမာအောင်နေထိုင်တဲ့နေရာမှာ ဂရုစိုက်ဖို့မေ့နေတတ်ကြတဲ့ စိတ်ပျော်ရွှင်ပြီး စိတ်ကျန်း မာအောင်နေထိုင်နိုင်ဖို့ သိထားသင့်တဲ့ဗဟုသုတလေးတွေကိုဖော်ပြပေးချင်ပါတယ်။


1526455651234.jpg

ပထမဆုံးအချက်ကတော့ သတင်းစကားတွေကိုလျစ်လျူရှုထား သင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ထိခိုက် ခံစားလွယ်တဲ့အတွက် ဝမ်းနည်းစရာ၊ မနှစ်မြို့စရာ၊ ထိတ်လန့်ဖြစ်စရာ၊ ဒေါသထွက်စရာစတဲ့ လူမှုအသိုင်းအဝိုင်းက သတင်းစကားတွေ၊ သတင်းတွေကိုလျစ်လျူ ရှုထားဖို့လိုပါတယ်။ ဒါ့အပြင် ဘေးပတ်ဝန်းကျင်ကနေ တတ်သိနား လည်လို့ပဲဖြစ်ဖြစ် အတွေ့အကြုံရှိပြီးကြလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ကိုတမင်စိတ်အနှောက်အယှက်ဖြစ်အောင်လို့ ပဲဖြစ်ဖြစ် ပြောတဲ့စကားတွေကို လိုက်ပြီးမခံစားဘဲ လျစ်လျူရှုထားလိုက်ပါ။


1526455432158.jpg

ဒုတိယတစ်ချက်ကတော့ ခန္ဓာကိုယ်သက်တောင့်သက်သာဖြစ်စေမယ့်အရာမျိုးနဲ့ဇိမ်ယူပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အထိုင်အထတွေမှာ မသွက်လက်တော့ဘူး၊ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ခါးနဲ့ခြေထောက်တွေမှာ ဒဏ်တွေဖြစ်လာ သလို ခါတိုင်းထက်ပိုပြီး ဇက်ကြောတက်လာတွေကိုခံစားရတတ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်မိခင်တိုင်း ခံစား ရလေ့ရှိတဲ့ဝေဒနာတွေဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နေတဲ့ခန္ဓာကိုယ်ကို သက်တောင့်သက် သာဖြစ်အောင်နေဖို့တော့လိုပါတယ်။

ဥပမာ ကလေးရောမိခင်ပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ရေခပ်နွေးနွေးလေးနဲ့ချိုးနိုင်ပါတယ်။ အသက်ကိုဖြေးဖြေး မှန်မှန်ရှူသွင်းရှူထုတ်လုပ်ပြီး စိတ်သက်သာရာရအောင်လုပ်တာမျိုး၊ ကြမ်းပြင်ပေါ်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို အကြောတွေလျှော့နိုင်သမျှလျှော့ပြီးခြေပစ်လက်ပစ်လှဲတာမျိုးတွေလုပ်ပေးနိုင်သလိုပုခုံးပေါ်မှာဘောလုံးသေးသေးလေးတွေနဲ့လှိမ့်ပြီး တင်းနေတဲ့ ဇက်ကြောတွေကိုပြေလျော့ သွားအောင်လည်းလုပ်နိုင်ပါတယ်။


1526455456828.jpg

နောက်တစ်ခုကတော့ ကိုယ်နဲ့လိုက်ဖက်ပြီး သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားတွေကိုပြောင်းလဲဝတ် ဆင်ဖို့လည်းအရေးကြီးပါတယ်။ လမရင့်သေးဘူးဆိုပြီး တော်နေသေးတဲ့ ခပ်ပွပွအကျီ င်္တွေကို ဝတ်မယ့်အစား ကိုယ်ဝန်ဆောင်မိခင်အတွက် ဖက်ရှင်ကျတဲ့အဝတ်အစားတွေပြောင်းလဲ ဝတ်ဆင်ပြီး လှလှပပနေသင့်ပါတယ်။ ရိုးရိုးသာမန်မိန်းကလေးတစ်ယောက် ဘဝကနေ မိခင်တစ်ယောက်ရဲ့ဘဝကိုယုံကြည်မှုရှိရှိနဲ့ ပြောင်းလဲခံယူလိုက်ပါ။


1526455482607.jpg

ဒါ့အပြင် ကိုယ့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေနဲ့လည်းမကြာမကြာတွေ့ဆုံပြီးစိတ်လွတ် ကိုယ်လွတ်နေသင့် ပါတယ်။ဒီလိုအချိန်မှာ တစ်ယောက်တည်းအထီးကျန်တာမျိုး၊ အားငယ်ပြီး အရာရာကိုပူပန်စိုးရိမ်တာမျိုးတွေခံစားနေရ တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုနားလည်ပေးနိုင်မယ့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးဖြတ်သန်း တာမျိုး လည်းလုပ်သင့်ပါတယ်။


1526455518551.jpg

နောက်ဆုံးတစ်ခုကတော့ ခင်ပွန်းသည်နဲ့ထိတွေ့ရင်းနှီးတာမျိုးကိုရပ်တန့်လိုက် တာမျိုးမလုပ်သင့်ပါဘူး။ ကိုယ် ဝန်ဆောင်ချိန်မှာ စိတ်ပျော်ရွှင်ပြီး စိတ်ချမ်းသာနေစေဖို့ ခင်ပွန်းသည်ရဲ့ပြုစုယုယမှုတွေရ ရှိဖို့ကလည်းအရေး ပါလှပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ဇနီးမောင်နှံဆက်ဆံရေးအပြင် တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်ကြင်နာမှု၊ နွေးနွေးထွေးထွေးပွေ့ဖက်မှုတွေရှိအောင်ကြိုးပမ်းသင့်ပါတယ်။

comments

There is no comment

Publish reply