Myanmar Platform

  1. NO DATA
အပူပိုင်း မုန်တိုင်း ဘီဘင်ကာ၏ အရှိန်ကြောင့်ယနေ့ ညနေမှ လာမည့် ၇၂ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုတွင် မိုးကြီးနိုင်[detail]
စမကွက်တွေ၊ အင်းကွက်တွေနဲ့ တည်ထားကိုးကွယ်ထားတဲ့ သာကေတမြို့ရဲ့ကျက်သရေဆောင် ၁၀၈တောင်ဘုရားရဲ့ သမိုင်းအကြောင်းတွေနဲ့ ထူးခြားမှုတွေကို မြန်မာ့ပလက်ဖောင်းရဲ့ဗောဓိအလင်းအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။[detail]
နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဇူလိုင်လအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် တောဆင်ရိုင်းကာ ကွယ်စောင့်ရှောက်သူကို ရွေးချယ်[detail]
ဝလွန်းတဲ့ခန္ဓာကိုယ်ကြောင့်အမြဲစနောက်ခံရတဲ့ထိုင်းကျောင်းသားတစ်ဦးအဆုံးစီရင်[detail]
အမြန်လမ်းမှာခေါင်းပြတ်ကြီးကိုတွေ့ခဲ့ရဖူးတယ်ဆိုတဲ့ဟာသ လူရွှင်တော်အောင်သော်ရဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ရာ အတွေ့အကြုံတွေကို မြန်မာ့ပလက်ဖောင်းရဲ့ Cele Scary Moment အစီအစဉ်ကနေတင်ဆက်ပေးလိုက်ပါ တယ်[detail]

“ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုလွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်း ကစတင်ရေးသားခဲ့တယ်ဆိုတဲ့ဒါရိုက်တာဗန်းကြီး

Mi Hsu Mon 2018-05-16 1149 Mi Hsu Mon

ဘာသာရေးဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ဇာတ်ညွှန်းရေးရတာခက်ခဲခဲ့ပြီး၊ လွန်ခဲ့တဲ့၁၀နှစ်ကတည်းကစတင်ကာ “ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းကစရေးခဲ့တယ်လို့ ဒါရိုက်တာဗန်းကြီးကပြောပြခဲ့ပါတယ်။


“ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် သာသနာကိုမြတ်နိုးတန်ဖိုးထားသောရဟန်းတစ်ပါးနဲ့ ဘာသာ၊ သာသနာအပေါ်ကြည်ညို လွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲကာဆုတောင်းမှားခဲ့တဲ့ ဒါယိကာမတယောက်အကြောင်းကို ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။


ဒီဇာတ်ကားမှာဇာတ်ဆောင်တွေအဖြစ် သရုပ်ဆောင်သစ်ခိုင်ထူးသာ၊ နန်းဆုဦး၊ ဇာတိ၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ ချိုပြုံး၊ ငြိမ်းချမ်း၊ မျိုးမျိုးခိုင်၊ မေပိုင်စိုး အပါအဝင်တခြားသရုပ်ဆောင် သစ်များစွာကလည်းပါဝင် ရိုက်ကူးပေးထားတာဖြစ်ပါတယ်။


ဇာတ်လမ်း၊ ဇာတ်ညွှန်းမောင်အောင်(ရူပဗေဒ) ဒါရိုက်တာဗန်းကြီးကလည်း ဇာတ်လမ်းရိုက်ကူးခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး “ဇာတ်ကားတွေရိုက်ခဲ့ရင်းနဲ့ ရတဲ့အနုပညာကြေးကိုတဝက်ဆီစုပြီးဘုရားတွေတည်တယ်။ အလှူတွေလုပ်တယ်။ ဘာသာရေးကိုများများလုပ်ဖြစ်တယ်။ ဒါပေမယ့်ဘာသာရေးဇာတ်ကား ကိုတော့မရိုက်ခဲ့ဖူးဘူး။ ရိုက်ချင်တဲ့စိတ်တော့ရှိခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့်မရိုက်ဖြစ်ခဲ့ဘူး။ လွန်ခဲ့တဲ့ ၁၄နှစ်ဝန်းကျင်လောက်က ဦးဇင်းကတစ်ပါးကဒီဇာတ်လမ်းလေး ကိုရိုက်ပါလားလို့ပြောခဲ့တယ်။ ဒါပေမယ့်ဇာတ်လမ်းကိုဘယ်လိုစတည်ရမလဲ မသိသေးဘူး။ ဦးဇင်းတစ်ပါးကိုစွဲလမ်းမှုကြောင့် မြွေဘဝရောက်ခဲ့တယ်။ မြွေနဲ့ ဦးဇင်းဖြစ်နေတာပေါ့။ ဒကာမနဲ့ ဦးဇင်းရဲ့စိတ်ကိုဇာတ်ညွှန်းရေး ဖို့တော်တော်ကိုခက်ခဲ့တယ်။ အစွန်းရောက်သွားရင်သာသနာကိုထိခိုက်မယ်။ ဇာတ်ညွှန်းကိုရေးဖို့အချိန်ကြာခဲ့တယ်။ ရေးနေတဲ့အချိန်မှာပဲအိမ်မက်မက်တယ်ပေါ့။ အိမ်မက်ထဲဒီဇာတ်ကား ကိုရိုက်နေသလိုလို၊ ဇာတ်ညွှန်းတွေကိုရေးပြီးသလိုလို စိတ်ထဲမှာဖြစ်နေတာပေါ့။ သရုပ်ဆောင်တွေရွေး တဲ့အခါမှာလည်း တကယ်ကိုဇာတ်ကောင် နဲ့လိုက်ဖက်တဲ့ သူကိုသေချာလေ့ကျင့်ပြီးသူတို့ကိုယ်တိုင်လည်း ဒီဇာတ်ကားလေးကို ကြိုက်တယ်ဆိုမှရွေးရိုက်ခဲ့တယ်။ အချိန်တွေအများကြီးကြိုတင်ပြင်ဆင်ပြီးရိုက်ခဲ့ရတဲ့ဇာတ်ကား တစ်ကားဖြစ်ပါတယ်” လို့ ပြောပါတယ်။


“ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ၁၈ရက်နေ့မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံများမှာစတင်ပြသပေးသွားမှာဖြစ်ပါတယ်။


 


comments

There is no comment

Publish reply