Myanmar Platform

  1. NO DATA
ဆောင်းရာသီမှာအနွေးထည်နဲ့ရှိုးထုတ်ချင်သူတွေအတုယူသင့်တဲ့ဆယ်လီတို့ရဲ့ ဖက်ရှင်များ[detail]
မစ္ဆရိယစိတ် (၅)မျိုးရှိတယ်ဆိုတာ သင်သိပါသလား[detail]
ရုရှား၊ ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တို့ တက်ရောက်မယ့် ဆီးရီးယားအရေးဆွေးနွေးပွဲ တူရကီအစိုးရ လက်ခံကျင်းပပေးဖို့ရှိ[detail]
မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါကြောင့် လူသေဆုံးမှုက အဆင့်သုံးနေရာရှိ[detail]
တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှုပထမဆုံးအကြိမ် တောင်တရုတ်ပင် လယ်ပြင်မှာပြုလုပ်သွားဖို့ရှိ[detail]

နာကျင်မှုကိုသက်သာစေနိုင်တဲ့ ခန္ဓာကိုယ်ပေါ်က Point များ

Jasmine 2018-05-16 1587 Homeremedies


ခန္ဓာရှိရင် ဝေဒနာရှိသလို အနာသိရင်လည်း ဆေးရှိတယ်ဆိုတဲ့ စကားကြားဖူးကြမယ် ထင်ပါတယ်။ မှန်ပါတယ်။ အနာသိရင် ကုသနည်းပေါင်းစုံရှိပါတယ်။ ခေတ်မှီဆေးပညာနဲ့ ကုသတာမျိုး ရှိသလို၊ ရှေးခေတ်တိုင်းရင်းဆေးပညာနဲ့ ကုသတာမျိုးလည်း အများကြီးပါပဲ။ အခုခါမှာဆိုရင်လည်း ရှေးနှစ် ပေါင်းများစွာကတည်းက တရုတ်လူမျိုးများ ကျင့်သုံးခဲ့တဲ့ ကုသနည်းတစ်ရပ်ကို ဖော်ပြပေး ချင်ပါ တယ်။ နာကျင်မှု၊ ရောဂါဘယများကို လျော့ပါးသက်သာစေဖို့ အတွက် ခန္ဓာကိုယ်ပေါ်က Point တွေကို နှိပ်နယ်ခြင်း၊ အပ်စိုက်ကုခြင်းက ယခုထိတိုင် ခေတ်စားနေတုန်းပါပဲ။ ဒ့ါကြောင့် ဘယ်လို ရောဂါနာကျင်မှုမျိုး ဖြစ်နေတယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာ၊ point ကို နှိပ်နယ်လို့ရမလဲ ဆိုတာကို ကျန်းမာရေး ဗဟုသုတအဖြစ် ဝေမျှပေးလိုက် ပါတယ်။


(၁) ခေါင်းကိုက်တဲ့အခါ


1526448477180.jpg


လက်မနဲ့ လက်ညိုးကြားက ချိုင့်နေတဲ့ point နေရာကို နှိပ်နယ်ပေးရမှာပါ။ ခေါင်းကိုက်တာကို သက်သာစေရုံသာမက၊ ဇာတ်ကြောတက်ခြင်း၊ ပခုံးနာကျင်ခြင်းနဲ့ သွားကိုက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းကိုပါ သက်သာပျောက်ကင်းစေပါတယ်။


(၂) ပျို့အန်ခြင်း


1526448473771.jpg


ကိုယ်လက်မအီမသာဖြစ်ပြီး အစာမကြေ ရင်ပြည့်ရင်ကယ်နဲ့ ပျို့အန်ခြင်းကို သက်သာစေဖို့အတွက် လက်ကောက်ဝတ်ရဲ့ လက်သုံးချောင်းခြားနေရာလောက်မှာ မိနစ်အနည်းငယ်ခန့် ဖိနှိပ်ပေးပါ။


(၃) မျက်ရိုးကိုက်ခြင်း


1526448470847.jpg


အာရုံစူးစိုက်စွာအလုပ်လုပ်ရသူတွေ၊ ကွန်ပျူတာနဲ့ နေ့စဉ်အလုပ်လုပ်ရသူတွေ မျက်ရိုးကိုက်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီလို မျက်ရိုးကိုက်လာပြီဆိုရင်တော့ မျက်ခုံးနှစ်ခုကြား point နေရာ ကို နှိပ်ပေးလို့ရပါတယ်။


(၄) စိတ်ထိန်းချုပ်နိုင်ရန်


1526448466820.jpg


စိတ်တိုလို့၊ ဒေါသထွက်လို့၊ ဝမ်းနည်းလို့ ရင်ထဲ ဆို့တတ်လာတဲ့ ခံစားမှုကြီး ဖြစ်ဖူးကြမယ် ထင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုး ကြုံတွေ့လာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ပြီး နေရခက်တဲ့အခါမှာ ရင်ဝနေရာ Point လေးကို ဖိထားပေးလို့ ရပါတယ်။


(၅) အစာအိမ်လမ်းကြောင်းဆိုင်ရာပြဿနာများအတွက်


1526448462507.jpg


ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း အတွက် နှိပ်နယ်ဖို့ဆိုရင် ခန္ဓာကိုယ်ပေါ်က Point ကတော့ ပုံမှာပြထားတဲ့ ဒူးအောက်နားက နေရာလေးပါ။ အဲ့ဒီနေရာလေးကို နှိပ်ပေးမယ်ဆိုရင် အစာအိမ် လမ်းကြောင်းတွင်း လုပ်ဆောင်ချက်များကို ပုံမှန်ဖြစ်စေဖို့ ထိန်းချုပ်ပေးနိုင်ပါတယ်။


comments

There is no comment

Publish reply