Myanmar Platform

  1. NO DATA
ဆောင်းရာသီမှာအနွေးထည်နဲ့ရှိုးထုတ်ချင်သူတွေအတုယူသင့်တဲ့ဆယ်လီတို့ရဲ့ ဖက်ရှင်များ[detail]
မစ္ဆရိယစိတ် (၅)မျိုးရှိတယ်ဆိုတာ သင်သိပါသလား[detail]
ရုရှား၊ ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တို့ တက်ရောက်မယ့် ဆီးရီးယားအရေးဆွေးနွေးပွဲ တူရကီအစိုးရ လက်ခံကျင်းပပေးဖို့ရှိ[detail]
မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါကြောင့် လူသေဆုံးမှုက အဆင့်သုံးနေရာရှိ[detail]
တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှုပထမဆုံးအကြိမ် တောင်တရုတ်ပင် လယ်ပြင်မှာပြုလုပ်သွားဖို့ရှိ[detail]

ဆီးချိုသမားတွေ ဘယ်လိုလေ့ကျင့်ခန်းမျိုး ရွေးလုပ်သင့်လဲ

Jasmine 2018-05-16 1567 Homeremedies


ဆီးချိုရောဂါရှိတဲ့ သူတွေအနေနဲ့ သက်ရှည်ကျန်းမာစွာ နေထိုင်သွားချင်တယ် ဆိုရင်တော့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းပုံမှန် ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်တွင်း သွေးချို၊ ဆီးချို အတက်အကျ ပုံမှန်ဖြစ်နေအောင် ထိန်းညှိပေးနိုင်ဖို့ အထောက်အကူ ပြုပါတယ်။ အထူးသဖြင့် အခုဖော်ပြေးမယ့် လေ့ကျင့်ခန်းတွေက ဆီးချိုသမားများအတွက် ပိုသင့်တော်ပါတယ်။


(၁) လမ်းလျှောက်ခြင်း


လမ်းလျှောက်တာက လူတိုင်း လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းပါပဲ။ ၂၀၀၅ ခုနှစ်က ဆီးချိုရောဂါတိုက်ဖျက်ရေး အသင်းက ထုတ်ပြန်ချက်အရ လမ်းလျှောက်ခြင်းက ဆီးချိုသမားများ အတွက် အထူးသင့်တော်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတစ်မျိုးလို့ ဆိုထားပါတယ်။ ဒ့ါကြောင့် မနက်အိပ်ရာထချိန်တိုင်း နာရီဝက်ခန့် လမ်းလျှောက်ထွက်တာက ဆီးချိုရောဂါ မြှင့်တက်လာမှုကို လျော့ချပေးနိုင်ပါတယ်။


(၂) Tai Chi


Tai Chi ဆိုတာက တရုတ်ရိုးရာ သိုင်းလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ အသက်အရွယ် ကြီးတဲ့သူတွေ ပုံမှန်ပြုလုပ်ပေးသင့်တဲ့ ကိုယ်ခန္ဓာ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ Tai Chi လေ့ကျင့်တာက စိတ်ကို တည်ငြိမ်အေးချမ်းစေတဲ့အပြင် ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်မှု အားကောင်းစေပြီး ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့အပြင် ဆေးပညာရှင်များရဲ့ ၂၀၀၈ ခုနှစ် ထုတ်ပြန်ချက်အရ Tai Chi ဟာဆိုရင် Type 2 ဆီးချိုရောဂါကိုတောင် ထိန်းချုပ်ပေးနိုင်တဲ့ အကောင်းဆုံးလေ့ကျင့်ခန်းလို့ ဆိုထားပါတယ်။


(၃) အလေးမခြင်း


Work out လုပ်တဲ့သူတွေအတွက်တော့ လေ့ကျင့်ခန်းလည်း လုပ်ပြီးသားဖြစ်သလို၊ ဆီးချိုရောဂါ ကိုလည်း လျော့ချနိုင်တဲ့ အလေ့အကျင့်ကောင်း တစ်ခုဖြစ်မယ် ထင်ပါတယ်။ အလေးတုံးအသေး မပြီး လေ့ကျင့်ခန်း ပြုလုပ်တာက နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်တဲ့ အပြင် ဆီးချိုရောဂါကြောင့် ကြွက်သားများ လျော့ရဲခြင်းနဲ့ နာကျင်မှုကဒဏ်ကို လျော့ပါးသက်သာစေပါတယ်။


(၄) ရေကူးခြင်း


လူကြီးလူငယ်မရွေး ဖြစ်တတ်တဲ့ ဆီးချိုရောဂါဟာဆိုရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိ ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုးပါပဲ။ ဒီတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ မဖြစ်ရေလေအာင် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး ကာကွယ်နိုင်ပါတယ်။ လူငယ်တွေအတွက်တော့ ရေကူးခြင်းက ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အားပေးသလို၊ ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း လျော့ချပေးနိုင် တယ်လို့ ဆေးပညာရှင်များက ထုတ်ပြန်ထားပါတယ်။


(၅) ယောဂကျင့်ခြင်း


အသက်အရွယ်ကြီးတဲ့သူတွေအနေနဲ့ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း မပြုနိုင်တော့ဘူး ဆိုရင်တော့ အိမ်မှာ အေးအေးဆေးဆေး ယောဂကျင့်လို့ ရပါတယ်။ ယောဂကျင့်ခြင်းကလည်း ဆီးချိုသမားများ အတွက် ကုသနည်းတစ်ရပ်ပါပဲ။ ၅မိနစ်ခန့်သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပြီး ယောဂကျင့်မယ်ဆိုရင် သင့်အတွက် ပိုမိုသက်တောင့်သက်သာ ဖြစ်စေမှာပါနော်။


comments

There is no comment

Publish reply