Myanmar Platform

  1. NO DATA
အပူပိုင်း မုန်တိုင်း ဘီဘင်ကာ၏ အရှိန်ကြောင့်ယနေ့ ညနေမှ လာမည့် ၇၂ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုတွင် မိုးကြီးနိုင်[detail]
စမကွက်တွေ၊ အင်းကွက်တွေနဲ့ တည်ထားကိုးကွယ်ထားတဲ့ သာကေတမြို့ရဲ့ကျက်သရေဆောင် ၁၀၈တောင်ဘုရားရဲ့ သမိုင်းအကြောင်းတွေနဲ့ ထူးခြားမှုတွေကို မြန်မာ့ပလက်ဖောင်းရဲ့ဗောဓိအလင်းအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။[detail]
နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဇူလိုင်လအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် တောဆင်ရိုင်းကာ ကွယ်စောင့်ရှောက်သူကို ရွေးချယ်[detail]
ဝလွန်းတဲ့ခန္ဓာကိုယ်ကြောင့်အမြဲစနောက်ခံရတဲ့ထိုင်းကျောင်းသားတစ်ဦးအဆုံးစီရင်[detail]
အမြန်လမ်းမှာခေါင်းပြတ်ကြီးကိုတွေ့ခဲ့ရဖူးတယ်ဆိုတဲ့ဟာသ လူရွှင်တော်အောင်သော်ရဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ရာ အတွေ့အကြုံတွေကို မြန်မာ့ပလက်ဖောင်းရဲ့ Cele Scary Moment အစီအစဉ်ကနေတင်ဆက်ပေးလိုက်ပါ တယ်[detail]

Cambridge Analytica လို App ၂၀၀ ကျော်ကို ရပ်ဆိုင်းလိုက်တဲ့ Facebook

Thu Naung 2018-05-16 1095 Bloomberg

        Facebook ဟာ Cambridge Analytica လိုမျိုး သဘောတူညီချက်ပြင်ပကို ကျော်လွန်ပြီး အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ပေါက်ကြားစေနိုင်တဲ့ App ပေါင်း ၂၀၀ ကျော်ကို ရပ် ဆိုင်း လိုက်ပါတယ်။

          ယခုနှစ်အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ အသုံးပြုသူ ၈၇ သန်းရဲ့ အချက်အလက်ပေါက်ကြားမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အထူးဂရုစိုက်လာတာဖြစ်သလို Cambridge Analytica ရဲ့ နိုင်ငံရေး အတိုင်ပင်ခံတွေဆီက အချက်အလက်နဲ့ အကျိုးအမြတ်ရရှိစေမှုတွေကိုရပ်တန့်နိုင်ဖို့ လုပ်ဆောင် လိုက်တာဖြစ်ပါတယ်။ Facebook ဟာ သူတို့ရဲ့ စည်းကမ်းချက်တွေက ၂၀၁၄ ခုနှစ်မှာ ပြောင်းလဲ သုံးစွဲခဲ့ကြပြီး မပြောင်းလဲခင်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူနေတဲ့ App ပေါင်းများစွာကို ဖယ်ရှားဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်.။ လက်ရှိမှာ အချက် အလက်ရယူနေတဲ့ App ထောင်ပေါင်းများစွာကို သိရှိပြီးမှာတော့ App ၂၀၀ ကျော်ကို ရပ်ဆိုင်း လိုက်တာဖြစ်ပါတယ်။

          ဇူကဘတ်အနေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ချိုးဖောက်နေတဲ့ App Developer တွေရှိမရှိကို စစ်ဆေးသြွးမယ့်အကြောင်းကတိပေးပြောကြးခဲ့ပါတယ်။ Facebook ဟာ လက်ရှိရပ်ဆိုင်းထားတဲ့ App တွေ ဘယ်လိုရယူနေတယ်ဆိုတာကို မသိရမချင်း ရပ်ဆိုင်း ထားဦးမှာဖြစ်ပါတယ်။

          လက်ရှိမှာတော့ Facebook ဟာ အရှုပ်တော်ပုံကို ဖြေလျော့နိုင်ပြီးဖြစ်တာကြောင့် ရှယ်ယာတန်ဖိုးအနည်းငယ်မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ တနလာင်္နေ့က ၁၈၆.၉၂ ဒေါ်လာ အပြောင်းအလဲဖြစ်သွားတယ်လို့ သိရပါတယ်။

Ref; Bloomberg


comments

There is no comment

Publish reply