Myanmar Platform

  1. NO DATA
ကိုယ်ပိုင်ဝက်ဆိုဒ်တွင် အာဆင်နယ်နည်းပြအဖြစ် တင်ခဲ့တဲ့ပုံကို ပြန်လည်ဖယ်ရှားခဲ့တဲ့ အူနှိုင်းအမ်မရီ[detail]
တိုင်းပြည်ဘဏ္ဍာငွေကူညီပေးဖို့ မလေးဝန်ကြီးတွေရဲ့ လစာ ၁၀ ရာခိုင်နှုန်း ဖြတ် တောက်သွားရန် သဘောတူညီ[detail]
မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က နိုင်ငံတော်ကြွေးမြီဟာ ဂျီဒီပီရဲ့ ၆၅ ရာခိုင်နှုန်းရောက်ရှိနေကြောင်း ပြောကြား[detail]
မေလ ၂၄ ရက်မှ ၃၀ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာ့ကမ်းရိုးတန်း တလျှောက် ၀င်ရောက်လာနိုင် တယ်လို့ ဒေါက်တာထွန်းလွင်ပြော[detail]
Rose QuartzကိုGirl Generation လိုအောင်မြင်စေချင်တယ်ဆိုတဲ့ စင်ဒီနဲ့နေခြည်[detail]

ထိုင်းနိုင်ငံရဲ့ အွန်လိုင်းအခြေခံစီးပွားရေးများ ၂၀၂၅ ခုနှစ်မှာ တိုးတက်လာနိုင်

Thu Naung 2018-05-15 228 Bangkok Post

ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေဟာ ဒေါ်လာ ၃၇ ဘီလီယံ (ထိုင်းဘတ် ၁.၁၇ ထရီလီယံ) လောက်အထိ ၂၀၂၅ ခုနှစ်မတိုင်ခင်မှာ တိုးတက်လာဖို့ မျှော်မှန်းထားကြောင်းပြီး အရှေ့တောင်အာရှရဲ့ ဘီလီယံ ၂၀၀ ခန့်ရှိတဲ့ ဈေးကွက်ထဲမှာ ဝင်ရောက်လာမှာလည်းဖြစ်တယ်လို့  Google and Temasek လေ့လာရေးဋ္ဌါနရဲ့အဆိုအရ သိရပါတယ်။

ထိုင်းနိုင်ငံက ပြုလုပ်နေတဲ့ e-commerce, ride-hailing services, Online Media and Online Travel စတဲ့ကဏ္ဍရပ်လေးခုရဲ့ အင်တာနက်စီးပွားရေးဟာ ၂၀၁၇ ခုနှစ်မှာ ၁၀ ဘီလီယံအထိ တန်ဖိုးရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က ၅.၈ ဘီလီယံထက် မြင့်တက်ခဲ့တယ်လို့ Google Thailand ရဲ့ Country Director ဖြစ်သူ Ben King က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ e-commerce ပရောဂျက်တန်ဖိုးဟာ ၂၀၁၅ ခုနှစ်မှာ ၁၁ ဘီလီယံရောက်ရှိလာဖို့ကို ကြိုးစားနေကြပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ၉၀၀ မီလီယံအထိရောက်ရျိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁.၈ ဘီလီယံအထိရောက်ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ အနည်းဆုံး အွန်လိုင်းစတိုးဆိုင်တွေဟာ ၂၀ မီလီယံအထိရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံဟာ ပျှမ်းမျှအားဖြင့် တစ်ရက်ကို ၄.၂ နာရီနဲ့အထက် အင်တာနက်သုံးစွဲမှုရှိနေပြီး ကမ္ဘာမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးစွဲမှုအများဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံဟာ ၂၀၁၅ -၂၀၁၇ ခုနှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံငွေ ၁၃ ဘီလီယံရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ဘီလီယံ ၄၀ -၅၀ အထိတိုးတက်လာဖို့ပရောဂျက်ရေးဆွဲလုပ်ဆောင်နေပါတယ်။

ဘယ်လိုပဲဆိုဆို ထိုင်းနိုင်ငံဟာ Digital Marketers တွေကို လိုအပ်ချက်ရှိနေဆဲနိုင်ငံတစ်ခုဖြစ်ပြီး software engineers, mobile app developers and data scientists တို့အတွက် နေရာတွေ လွတ်နေဆဲဖြစ်ပါတယ်။

Ref; Bangkokpost


comments

There is no comment

Publish reply