Myanmar Platform

Home>>News >> Domestic 
  1. NO DATA
မြန်မာကျပ်ငွေတည်ငြိမ်စေရေး သီးသန့်ငွေလိုအပ်ချက်သတ်မှတ်ခြင်းနဲ့ အပ်ငွေလေလံစနစ်တို့ကို ဆောင်ရွက်လျက်ရှိဟု ဗဟိုဘဏ်ပြော[detail]
ကုလအေဂျင်စီများပါဝင်သည့် နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ရခိုင်သို့သွားရောက်[detail]
ဖိလစ်ပိုင်တွင် ရေဒီယိုသတင်းကြေညာသူတစ်ဦးကို သေနတ်သမားတွေ ပစ်ခတ်သတ်ဖြတ်[detail]
ထိုင်းနိုင်ငံမှာ “ဝ”ဘက်မှ လာတဲ့ ရာဘမူးယစ်ဆေးပြား ၈ ဒသမ ၄ သန်း ဖမ်းဆီးရမိ[detail]
“Do you love me” လို့မေးပြီးယောက်ျားဆန်ဆန်ပုံလေးတွေတင်ထားတဲ့စိုးပြည့်သဇင်[detail]

ကျောင်းသားသမဂ္ဂမှာတာဝန်ထမ်းဆောင်သော ကျောင်းသားကိစ္စမှာ လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ခြင်းဖြစ်ဟု တပ်မတော်ထုတ်ပြန်

Thein Min Aung 2018-03-13 1580

ရန်ကုန်၊ မတ် ၁၃၊ ၂၀၁၈ခုနှစ်။

စစ်စည်းကမ်းသည် တပ်မတော်ရဲ့ အသက်ခန္ဓာဖြစ်ခြင်းကြောင့် မောင်သက်မောင်မောင်နဲ့ပတ်သက်ပြီး သက်ဆိုင် ရာတာဝန်ရှိသူများရဲ့ ဆောင်ရွက်ချက်က တပ်မတော်မှထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ လုပ် ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် လိုက်ပါတယ်။
ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့တွင်အတွင်းရေးမှူးတာဝန် ထမ်းဆောင်  နေသည့် မောင်သက်မောင်မောင် သည် အမှတ်(၂၅၆)ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူအရာရှိတစ်ဦးနဲ့ ဆွေးနွေးခဲ့ပြီး ၎င်းအနေနဲ့ တပ်ရင်း ဌာနချုပ်မှ ချမှတ်ထားသောအမိန့်များကို မလိုက်နာနိုင်သည့်အတွက် တပ်ရင်းအတွင်း ဆက်လက်နေထိုင်ခွင့် မပြုခဲ့ တာဖြစ်ပါတယ်။

ယခုအချိန်မှာ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ရူပဗေဒ ဒုတိယနှစ်ကျောင်း သား မောင်သက်မောင်မောင်သည် ကျောင်းသားသမဂ္ဂမှာ တာဝန်ဆက်လက်ထမ်းဆောင်ခြင်းကြောင့် မိဘများရှိ သော တပ်ရင်းအတွင်းမှ ထွက်ခွာလာခဲ့သည်မှာ တစ်လနီးပါးရှိပြီဖြစ်ပြီး ဖခင်ဖြစ်သူမှာ ရေစကြိုမြို့က ခလရ(၂၅၆) မှာ တပ်ကြပ်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီလ ၁၁ရက်နေ့ ညနေပိုင်းမှာ မောင်သက်မောင်မောင်နဲ့ မိခင်ဖြစ်သူမှာ တာဝန်ရှိအရာရှိထံ လာရောက်ပြီး ၎င်းသိရှိကြောင်းလက်မှတ်ရေးထိုးစေခြင်းနဲ့ပတ်သက်ကာ မချေမငံ ပြန်လည်မေးမြန်းခဲ့ပြီး တပ်ရင်းဌာ နချုပ်မှ ချမှတ်ထားသောအမိန့်များကို မလိုက်နာနိုင်ကြောင်းနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းအတွင်း ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို မလိုက်နာပါက တပ် ရင်းဌာနချုပ်မှာ ဆက်လက်နေထိုင်ခွင့်ပြုမရတော့ကြောင်းကို ၎င်းရဲ့မိခင်ရှေ့မှောက်မှာပင်တားမြစ်ခဲ့သလို ၎င်းရဲ့ ဖခင်ဖြစ်သူမှလည်း တပ်ဌာနချုပ်တည်မြဲအမိန့်အရ တပ်တွင်းနေထိုင်ခြင်းမပြုရန်တားမြစ်ခြင်းကို သဘောတူကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၇အရ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအ ကျဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သဖြင့် အဖွဲ့အစည်းအတွင်း စည်းကမ်းတကျရှိရန် ကျစ်လျစ်ခိုင်မာသော စည်းလုံးမှု၊ ညီညွတ်မှုရှိရန် မရှိမဖြစ်လိုအပ်ကာ စည်းကမ်းချက်များလိုက်နာနိုင်မှသာ တပ်တွင်းနေထိုင်ခွင့်ရှိမည်ကို မှီခိုသူအားလုံး သိရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမှတ်(၂၅၆) ခြေလျင်တပ်ရင်းရဲ့ ထိုသို့လုပ်ဆောင်ချက် များအပေါ် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များ၊ သတင်းများအား ကျောင်းသားသမဂ္ဂအဖွဲ့များ၊ သ တင်းမီဒီယာအချို့နဲ့ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ဖော်ပြရေးသားပြီး တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေ ရန် ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
 

comments

There is no comment

Publish reply