Myanmar Platform

  1. NO DATA
ဆောင်းရာသီမှာအနွေးထည်နဲ့ရှိုးထုတ်ချင်သူတွေအတုယူသင့်တဲ့ဆယ်လီတို့ရဲ့ ဖက်ရှင်များ[detail]
မစ္ဆရိယစိတ် (၅)မျိုးရှိတယ်ဆိုတာ သင်သိပါသလား[detail]
ရုရှား၊ ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တို့ တက်ရောက်မယ့် ဆီးရီးယားအရေးဆွေးနွေးပွဲ တူရကီအစိုးရ လက်ခံကျင်းပပေးဖို့ရှိ[detail]
မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါကြောင့် လူသေဆုံးမှုက အဆင့်သုံးနေရာရှိ[detail]
တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှုပထမဆုံးအကြိမ် တောင်တရုတ်ပင် လယ်ပြင်မှာပြုလုပ်သွားဖို့ရှိ[detail]

လိင်အကြမ်းဖက်မှုရပ်တန့်ဖို့အတွက်ပညာပေးအစီအစဉ်များကိုမတ်လ၁၈ရက်နေ့တွင်ကျင်းပပြုလုပ်သွားမယ်

Mi Hsu Mon 2018-03-13 1855 Mi Hsu Mon

လိင်အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများ ရပ်တန့်စေရေးအတွက်ပညာပေးအစီအစဉ်များကို လာမယ့်မတ်လ၁၈ရက်နေ့ ၊ ကန်တော်ကြီးမျှော်စင်ကျွန်းမှာအနုပညာရှင်များ ပါဝင်ကာဖျော်ဖြေရေး အစီအစဉ်များနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


ဒီပညာပေးအစီအစဉ်မှာပါဝင်သွားမယ့် အလှမယ်၊ မော်ဒယ်ထားထက်ထက်ကလည်း “ ထားထက်တို့မြင်နေရ တယ်ကြားနေရတယ်။ မုဒိမ်းမှုတွေက မနှစ်ကထက်ကိုပိုများလာတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက်ထားထက်တို့ ၂၀၁၆ခုနှစ်ကလုပ်ခဲ့တဲ့ ပညာပေးပုံစံအတိုင်းပဲ လာမယ့်၁၈ရက်နေ့မှာပြုလုပ်မယ့် ပညာပေးအစီအစဉ်မှာ ပါဝင်သွားမယ်။ ကျူးလွန်တဲ့သူတွေကိုထောင်ဒဏ်တွေတိုးမြှင့်အပြစ်ပေးစေချင်တယ်။ ထောင်ဒဏ်ထက်ကိုပိုကြီးတဲ့ အပြစ်ရှိရင်ပေးဖို့ ကိုထားထက်တို့ အားလုံးစုပေါင်းပြီးတောင်းဆိုသွားမယ်” လို့ပြောပါတယ်။


1520939561546.jpg

လိင်အကြမ်းဖက်မှုများနဲ့ သက်ငယ်မုဒိမ်းမှုများပညာပေးအစီအစဉ်များကို ပြီးခဲ့တဲ့၂၀၁၆ခုနှစ်ကလည်းပြုလုပ်ခဲ့ပြီး၊ ကျူးလွန်သူများကိုကြီးလေးသောပြစ်ဒဏ်များ ထည့်သွင်းပေးရန်၊ လွတ်ငြိမ်းချမ်းသာခွင့်မပေးသင့်တဲ့ အချက် အလက်များကို လွှတ်တော်အထိတင်သွင်းတောင်းဆိုသွားမှာဖြစ်တယ်လို့ ပညာပေးအစီအစဉ်မှာပါဝင်မယ့် ကိုဇေယျာထွန်းကဆိုပါတယ်။


“ ကျွန်တော်တို့တွေအပြင်ဒီတောင်းဆိုမှုက ပြည်သူတစ်ရပ်လုံးကလည်းတက်ညီလက်ညီပါဝင်ကြမယ်၊ အနုပညာရှင်တွေကလည်းပါဝင်ကြမယ်။ အားလုံးပြိုင်တူတွန်းရင်ရွှေ့နိုင်ပါတယ်။ အဲဒီနေ့ကျရင် လည်းအားလုံးလာရောက်ကြဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်” ပညာပေးအစီအစဉ်နဲ့ပတ်သက်ပြီး ၄င်းကပြောပါတယ်။


152093958255.jpg

ဒီပညာပေးအစီအစဉ်ပြုလုပ်မယ့်နေ့မှာ လိင်အကြမ်းဖက်မှုအတွက်ပြစ်ဒဏ် ကိုတိုးမြှင့်ဖို့ကြိုး ပမ်းနေတဲ့လွှတ်တော်အမတ်များ၊ အစော်ကားခံရပြီးအသတ်ခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့မိသားစုဝင်တွေရဲ့ စကားသံများ၊ လိင်အကြမ်းဖက်ခံခဲ့ရသူတွေ ရဲ့စကားသံများ၊ လိင်အကြမ်းဖက်ခံသူတွေကိုကူညီပေးနေသူတွေရဲ့ စကားသံများ၊ ကလေးငယ်တွေသိထား သင့်တဲ့ကဗျာများရွတ်ဆိုကာ၊ လိင်အကြမ်းဖက်မှုများ ရပ်တန့်လျော့ကျရေးကိုဖယောင်းတိုင် ထွန်းဆုတောင်းကြမှာဖြစ်ပါတယ်။


1520939659753.jpg


ဒီပညာပေးအစီအစဉ်၊ ဆိုတောင်းပွဲကို သက်ဆိုင်ရာအမတ်များ၊ ဝန်ကြီးများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ နိုင်ငံအတွင်းမှပရဟိတအဖွဲ့များနဲ့ ပြည်သူများတက်ရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်။


comments

There is no comment

Publish reply