Myanmar Platform

Home>>News >> International 
  1. NO DATA
မြန်မာကျပ်ငွေတည်ငြိမ်စေရေး သီးသန့်ငွေလိုအပ်ချက်သတ်မှတ်ခြင်းနဲ့ အပ်ငွေလေလံစနစ်တို့ကို ဆောင်ရွက်လျက်ရှိဟု ဗဟိုဘဏ်ပြော[detail]
ကုလအေဂျင်စီများပါဝင်သည့် နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ရခိုင်သို့သွားရောက်[detail]
ဖိလစ်ပိုင်တွင် ရေဒီယိုသတင်းကြေညာသူတစ်ဦးကို သေနတ်သမားတွေ ပစ်ခတ်သတ်ဖြတ်[detail]
ထိုင်းနိုင်ငံမှာ “ဝ”ဘက်မှ လာတဲ့ ရာဘမူးယစ်ဆေးပြား ၈ ဒသမ ၄ သန်း ဖမ်းဆီးရမိ[detail]
“Do you love me” လို့မေးပြီးယောက်ျားဆန်ဆန်ပုံလေးတွေတင်ထားတဲ့စိုးပြည့်သဇင်[detail]

နာမည်ကျော် အော်ပရာတီးဝိုင်းခေါင်းဆောင် ဂျိမ်းစ် လဲဗင်းအား လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် ထုတ်ပယ်ခဲ့

Tayza 2018-03-13 1477 AP

မတ်လ ၁၃

နယူးယောက်မြို့ တော်အော်ပရာကုမ္ပဏီဟာ လူငယ်အနုပညာသည်တွေကို ထိခိုက်နာကျင်စေမှု၊ လိင်ပိုင်းဆိုင် ရာစော်ကားမှု၊ နှောင့်ယှက်မှုတို့ ကျူးလွန်ခြင်းတို့တွင် ပါဝင်တဲ့ ဂျိမ်းလဲဗင်းအား စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စုံစမ်းမှုတွင် လီဗိုင်းအနေနဲ့ လိင်ပိုင်းစော်ကားမှု၊နှောင်ယှက်မှုများအား ကျူးလွန်ကြောင်း သက်သေတွေ့ရ တဲ့အတွက် နယူးယောက်မြို့ တော်အော်ပရာ ကုမ္ပဏီက လုပ်သက် ၄၆ နှစ်ကြာရှိခဲ့တဲ့ ဂျိမ်းလဲဗင်းကို မနေ့က မတ် လ ၁၂ရက်နေ့က ထုတ်ပယ်ခဲ့ပါတယ်။

ဂန္ထ၀င်တေးဂီတရဲ့ ဆရာတစ်ဆူ ဖြစ်ခဲ့သူ လဲဗင်းဟာ ၁၉၇၁ မှာ ပထမဆုံး ဖျော်ဖြေခွင့်ရခဲ့ပြီး အဖွဲ့ရဲ့  ၁၃၅ နှစ်တာ သက်တမ်းအတွင်း နာမည်ရပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်ခဲ့သူပါ။ ၁၉၇၆ ခုနှစ်မှ စတင်ပြီး အော်ပရာ၊ ပြဇာတ်၊ သံစုံတီးဝိုင်း၊ အဆိုတော်တွေအတွက် ဂီတညွှန်မှုးအဖြစ် ၂၅၅၂ ပွဲတိတိ ပွဲထွက်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ပါကင်ဆန်ရောဂါကြောင့် အနားယူလိုက်တာလည်း ဖြစ်ပါတယ်။ လဲဗင်းဟာ အဖွဲ့ မှာ ဂီတမှူးအဖြစ်ဆက် လက်ရှိနေပြီး လူငယ်အနုပညာရှင်အစီအစဉ်မှာ နာယကအဖြစ် ဆက်လက်တာဝန်ယူခဲ့တာလည်း ဖြစ်ပါတယ်။

1520938615822.jpg

ဒါပေမဲ့ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ နယူးယောက်ပို့စ်နဲ့ နယူးယောက်တိုင်းမ် သတင်းစာတို့က ဖော်ထုတ်ခဲ့မှုအရ ၁၉၆၀ နောက်ပိုင်းကစတင်ပြီး လိင်ပိုင်းဆိုင်ရာ အကျင့်ဖောက်ပြန်ခဲ့ခြင်းတို့အပြင် အသက် ၁၅ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ အခိုင်အမာသက်သေပြောဆိုမှုတို့ကြောင့် လဲဗင်းကို တာဝန်မှ ရပ်ဆိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

မြို့ တော်အော်ပရာအဖွဲ့ မှ အမေရိကန်တရားရေး ရှေ့ နေဟောင်း ရောဘတ် ဂျေ ကလီယာရီကို စုံစမ်းမှု ခေါင်းဆောင်အဖြစ် ငှားရမ်းခဲ့ပြီး ဒီစစ်ဆေးမှုမှာ လူပေါင်း ၇၀ ကျော်ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ဆေးမှုမှတော့ မစ္စတာလဲဗင်းဟာ အော်ပရာအဖွဲ့တွင် မလုပ်ခင်ကအရင် ဒီလိုအပြုအမူမျိုး ကျူးလွန်ခဲ့တဲ့အပြင် အော်ပရာအဖွဲ့ မှာ ဂီတမှူးအဖြစ် တာဝန်ထမ်းစဉ်မှာလည်း အဆိုပါနှောင့်ယှက်မှု၊စော်ကားမှုတွေကို ပြုလုပ် ခဲ့ကြောင်း သက်သေတွေ့ရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါကျူးလွန်မှုကို အော်ပရာအဖွဲ့ မှာ စစ်ဆေးရာ မလျော်တဲ့အပြုအမူများတွေ့ရှိမှုကြောင့် မစ္စတာလဲဗင်းနဲ့ ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအချိန်အထိ မြို့ တော်အော်ပရာအဖွဲ့ ကတော့ သက်သေအထောက်အထားများကို တရားဝင် ထုတ်ပြန် ခဲ့ခြင်းတော့ မရှိပါဘူး။ လီဗိုင်းကို လက်ရှိအချိန်အထိ ရာဇ၀တ်မှုမြောက်တရားစွဲဆိုထားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

REF;AP


comments

There is no comment

Publish reply