Myanmar Platform

Home>>News >> Domestic 
  1. NO DATA
ဆောင်းရာသီမှာအနွေးထည်နဲ့ရှိုးထုတ်ချင်သူတွေအတုယူသင့်တဲ့ဆယ်လီတို့ရဲ့ ဖက်ရှင်များ[detail]
မစ္ဆရိယစိတ် (၅)မျိုးရှိတယ်ဆိုတာ သင်သိပါသလား[detail]
ရုရှား၊ ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တို့ တက်ရောက်မယ့် ဆီးရီးယားအရေးဆွေးနွေးပွဲ တူရကီအစိုးရ လက်ခံကျင်းပပေးဖို့ရှိ[detail]
မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါကြောင့် လူသေဆုံးမှုက အဆင့်သုံးနေရာရှိ[detail]
တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှုပထမဆုံးအကြိမ် တောင်တရုတ်ပင် လယ်ပြင်မှာပြုလုပ်သွားဖို့ရှိ[detail]

မြန်မာနိုင်ငံတွင် ဆွစ်ဇာလန် ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေတယ်လို့ သံအမတ်ကြီးပြော

Bo Than 2018-03-13 1811


ရန်ကုန်၊ မတ်လ


မြန်မာနိုင်ငံတွင် ဆွစ်ဇာလန် ကုမ္ပဏီ ၂၅ ခုမှ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတဲ့ ကုမ္ပဏီတွေ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး Ms. Livia Leu က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည့် ဆွစ်ဇာလန်ကုမ္ပဏီများအနေဖြင့်  မြန် မာနိုင်ငံသို့ ဥပဒေမူဘောင်ဖွံ့ဖြိုးလာဖို့၊ အဓိကအားဖြင့် ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေထွက်ရှိလာဖို့ စောင့်ဆိုင်း နေကြတယ်လို့  ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် Myanmar – Switzerland Economic Dialogue မှာ သံအမတ်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ Myanmar – Switzerland Economic Dialogue မှာမြန်မာလုပ်ငန်းရှင်များ နဲ့ ဆွစ်ဇာလန် သံအမတ်ကြီး ဦးဆောင်တဲ့ သံရုံးမှ တာဝန်ရှိသူများ၊ ဆွစ်ဇာလန်လုပ်ငန်းရှင်များဟာ နည်းပညာမြင့် စက်မှုကုန်ထုတ်လုပ်မှု၊ လျှပ်စစ် နှင့် စွမ်းအင်၊ အာမခံလုပ်ငန်း၊ စားသောက် ကုန်ထုတ်လုပ်ငန်း နဲ့ ကျန်းမာရေး ဝန်ဆောင်မှု အစရှိတဲ့ ကဏ္ဍတွေမှာ ပူးပေါင်း လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးကြပါတယ်။

ဆွစ်ဇာလန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့အစည်းဖြစ်တဲ့ Economiesuisse ရဲ့ အရှေ့တောင်အာရှဆိုင်ရာ Country Manager Mr. Marc Engelhard က"ကျွန်တော်တို့ ဆွစ်ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံမှာဉာဏ ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ရရှိရေးက အရမ်းအရေးကြီးပါတယ်"လို့ ပြောပါတယ်။

ယင်းအပြင် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ နဲ့ ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် မူပိုင်ခွင့် ဥပဒေ အမြန်ဆုံး အတည်ပြုထုတ်ပြန်နိုင်ရေး နဲ့ ရင်းနှီးမြှုပ်နှံမှုအကာအကွယ် ရရှိရေး   ဆွစ်ဇာလန်လုပ်ငန်းရှင်များက အထူးအလေးအနက်ထား ဆွေးနွေးကြပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်က"မြန်မာနိုင်ငံအနေနဲ့ ဆွစ်ဇာလန် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရင် အလုပ်အကိုင် အခွင့်အလမ်းတွေရမှာဖြစ်သလို၊ အထူးသဖြင့် နည်းပညာမြင့်ပြီး တီထွင်မှု အားကောင်းတဲ့ ဆွစ်ကုမ္ပဏီများဆီက နည်းပညာ နဲ့ အတတ်ပညာများကိုလည်း ရယူနိုင်မယ် "လို့ ဆိုပါတယ်။ 

 နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ် ရေးထိုးနိုင်ရေးကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း သိရပါတယ်။

 

comments

There is no comment

Publish reply