Myanmar Platform

  1. NO DATA
မြန်မာကျပ်ငွေတည်ငြိမ်စေရေး သီးသန့်ငွေလိုအပ်ချက်သတ်မှတ်ခြင်းနဲ့ အပ်ငွေလေလံစနစ်တို့ကို ဆောင်ရွက်လျက်ရှိဟု ဗဟိုဘဏ်ပြော[detail]
ကုလအေဂျင်စီများပါဝင်သည့် နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ရခိုင်သို့သွားရောက်[detail]
ဖိလစ်ပိုင်တွင် ရေဒီယိုသတင်းကြေညာသူတစ်ဦးကို သေနတ်သမားတွေ ပစ်ခတ်သတ်ဖြတ်[detail]
ထိုင်းနိုင်ငံမှာ “ဝ”ဘက်မှ လာတဲ့ ရာဘမူးယစ်ဆေးပြား ၈ ဒသမ ၄ သန်း ဖမ်းဆီးရမိ[detail]
“Do you love me” လို့မေးပြီးယောက်ျားဆန်ဆန်ပုံလေးတွေတင်ထားတဲ့စိုးပြည့်သဇင်[detail]

အလှူငွေ၅သိန်းထည့်ရင်အွန်လိုင်းမီဒီယာများအကယ်ဒမီပွဲတက်ရောက်ခွင့်ရမယ်လို့ ဆိုတဲ့ ဦးဇင်ဝိုင်း

Tin Sandi Nay Win 2018-03-13 2031

 

အွန်လိုင်းမီဒီယာ များမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် အလှူငွေ ၅သိန်းထည့်သွင်းမှသာ အကယ်ဒမီဆုပေးပွဲ သို့ တက်ရောက်ရမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှဆိုပါတယ်။

 အခုလိုစီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီးဦးဇင်ဝိုင်းမှလည်း ကျွန်တော်တို့ ဘက်က နေရာအခက်အခဲတစ်ခုကြောင့် သာ အွန်လိုင်းမီဒီယာ များကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ နေရာအခက်အခဲနဲ့ ပတ်သက်ပြီးတော့လည်း ထပ်ချဲ့ ပေး လို့ ရရင်ပေးပါလားဆိုတော့လည်း အစကတည်းကိုက မီဒီယာသမားများအတွက်ဆိုပြီး နေရာကိုတမင်အကျယ်ကြီး လုပ်ပေးပြီးသားဖြစ်နေတာ့ ဘယ်လိုမှထပ်ပြီးအဆင်မပြေနိုင်တော့လို့ ပါတဲ့။

လက်ရှိမှာတရားဝင် အွန်လိုင်းမီဒီယာ အနေနဲ့ ၉၇ခုရှိနေပြီး တရားမ၀င်တာနဲ့ ဆိုရင် ရာနဲ့ ချီ ၊ ထောင်နဲ့ ချီ ရှိနေမှာဆိုတော့ အွန်လိုင်း မီဒီယာတွေအကုန်လုံးကို တက်ရောက်ခွင့်ပြုလိုက်မယ်ဆိုရင် ထောင် ဂဏန်းဖြစ် သွားနိုင်တာကြောင့် ဘယ်လိုမှအဆင်မပြေလောက်ဘူး။ သို့ ပေမယ့် တရားဝင်အွန်လိုင်းမီဒီယာ နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်စာရင်းရုပ်ရှင်အစည်းအရုံး ကိုရောက်မလာသေးပါဘူး။ ရောက်လာတဲ့အခါကျရင် ဘယ်အွန်လိုင်း မီဒီယာကတော့ တက်ရောက်ရမယ် ဆိုတာနဲ့  ကိုယ့်အွန်လိုင်းအမည်ပါမှသာ အလှူငွေ ကျပ် ၅သိန်းထည့် သွင်းပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုသို့ အလှူငွေပေးသွင်းခြင်းမှာ အွန်လိုင်းမီဒီယာများကိုသာ  သတ်မှတ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။  အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူများ နဲ့ မီဒီယာတွေ့ ဆုံပွဲအစည်းအဝေးကို ယနေ့ မတ်လ (၁၃)ရက်နေ့ ၊ နေ့လည် (၁)နာရီတွင်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။


comments

There is no comment

Publish reply