Myanmar Platform

  1. NO DATA
မြန်မာကျပ်ငွေတည်ငြိမ်စေရေး သီးသန့်ငွေလိုအပ်ချက်သတ်မှတ်ခြင်းနဲ့ အပ်ငွေလေလံစနစ်တို့ကို ဆောင်ရွက်လျက်ရှိဟု ဗဟိုဘဏ်ပြော[detail]
ကုလအေဂျင်စီများပါဝင်သည့် နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ရခိုင်သို့သွားရောက်[detail]
ဖိလစ်ပိုင်တွင် ရေဒီယိုသတင်းကြေညာသူတစ်ဦးကို သေနတ်သမားတွေ ပစ်ခတ်သတ်ဖြတ်[detail]
ထိုင်းနိုင်ငံမှာ “ဝ”ဘက်မှ လာတဲ့ ရာဘမူးယစ်ဆေးပြား ၈ ဒသမ ၄ သန်း ဖမ်းဆီးရမိ[detail]
“Do you love me” လို့မေးပြီးယောက်ျားဆန်ဆန်ပုံလေးတွေတင်ထားတဲ့စိုးပြည့်သဇင်[detail]

အသက် ၄၀အထိလူပျိုကြီးဘဝနဲ့နေခဲ့ပြီးမှ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ မင်းသားဆိုဂျီဆပ်

Joy 2018-03-13 8281 koreaboo

ကိုရီးယားကားတွေ စတင်ခေတ်စားလာစ ခေတ်ဦးပိုင်းလို့ပြောလို့ရတဲ့အချိန် ၁၉၉၀ ဝန်းကျင်လောက်မှာ ကြည့်ခဲ့ရတဲ့ ကိုရီးယားဒရာမာဇာတ်လမ်းတွဲတွေဟာ အခုအချိန် အသက် ၂၅၊ ၃၀ လူငယ်တွေအတွက် တစ်ခုတ်တရကြည့်ခဲ့ရတဲ့ဇာတ်ကားတွေပါပဲ။ မင်းသား မင်းသမီးတွေကလည်း အခုခေတ်ကိုရီး ယားကားတွေထဲက မင်းသား၊မင်းသမီးတွေလို နုနုရွရွနဲ့အလှအပကိုပဲဦးစားပေးတာမဟုတ်ဘဲ တကယ့်ကိုသဘာဝကျကျ သရုပ်ဆောင်ခဲ့ကြတာပါ။ အဲဒီလို သဘာဝမင်းသားတွေထဲမှာအခုခေတ် အပျိုကြီးအရွယ်ကိုလှမ်းနေပီဖြစ်တဲ့ မမများရဲ့ငယ်ချစ်ဦးလို့လည်းပြောလို့ရတဲ့ မင်းသား So Ji Sub တစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။


1520936026587.jpg


မင်းသားဆိုဂျီဆပ်ဟာ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့နေလာတာ အခုဆိုရင် အသက် ၄၀တောင်စွန်း လာပါပြီ။ မကြာသေးမီကမှ ရိုက်ကူးပြီးစီးသွားတဲ့ သူ့ရဲ့ “Be With You”ဆိုတဲ့ဇာတ်လမ်းတွဲအပြီးမှာ သူ့အနေနဲ့ အိမ်ထောင်ပြုဖို့စဉ်းစားထားပြီးသားဖြစ်တယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောခဲ့ပါတယ်။
မင်းသား ဆိုဂျီဆပ်ပါဝင်သရုပ်ဆောင်ထားတဲ့ အဲဒီ “Be With You”ဆိုတဲ့ဇာတ်ကားကဟာ မိုးသည်း တဲ့နေ့ တစ်နေ့မှာ ပြန်လာခဲ့မယ်လို့ ခင်ပွန်းဖြစ်သူကိုကတိပေးပြီး လောကကြီးထဲကနေ ထာဝရနှုတ်ဆက် ထွက်သွားခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းအဓိက ရိုက်ကူးထား တာဖြစ်ပါတယ်။

မင်းသားဆိုဂျီဆပ်က အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းနေရာကနေသရုပ်ဆောင်ထားပြီး ဇနီးသည်ကွယ်လွန် သွားပြီးနောက် သားဖြစ်သူနဲ့အတူ ဘဝကိုဘယ်လိုရုန်းကန်အသက်ရှင်ရတယ်ဆိုတာကို ရိုက်ပြထား ပါတယ်။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဆိုဂျီဆပ်က သူ့အနေနဲ့ အဖေတစ်ယောက်ရဲ့ကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်မလားဆိုတာမသေချာတဲ့အတွက်  အစပိုင်းမှာ ဒီကာရိုက်တာ ကိုသရုပ်ဆောင်ဖို့ ချီတုံချတုံဖြစ်ခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် သူ့အသက်အရွယ်နဲ့ အသက် ၂၀အရွယ်ကာရိုက်တာကို သရုပ်ဆောင်ရမယ့်အပိုင်းတွေလည်းပါဝင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝကျအောင်တော့ အတတ်နိုင်ဆုံးကြိုးစားသရုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။


1520936036299.jpg

1520936152727.jpg


“ဒီဇာတ်ကားက ဒရာမာဇာတ်ကားဖြစ်တဲ့အတွက် ကျွန်တော့်ကိုချစ်တတ်အောင်သင်ပေးခဲ့တယ်။ ဒီရုပ်ရှင်မရိုက်ခင်တုန်းက လက်ထပ်မယ့်အကြောင်း ကျွန်တော်မတွေးကြည့်ခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ကျွန်တော့်သားနေရာကသရုပ်ဆောင်တဲ့ Kim Ji Hwa ကာရိုက်တာကိုကြည့်မိ တဲ့အချိန်မှာ ကျွန်တ်ာပြောင်းလဲသွားတယ်။ လက်ထပ်ဖို့ကိစ္စကိုကျွန်တော်လေးလေးနက်နက်တွေးဖို့ လိုပြီလို့ထင်တယ်။ ကျွန်တော်လက်ထပ်ပြီဆိုရင် ကလေးနဲ့ဇနီးနဲ့မိသားစုဘဝလေးဖန်တီးနိုင်မယ့် ခင်ပွန်းတစ်ယောက်ဖြစ်ချင်တယ်”လို့ မင်းသားဆိုဂျီဆပ်ကပြောပါတယ်။

comments

There is no comment

Publish reply