Myanmar Platform

  1. NO DATA
မြန်မာကျပ်ငွေတည်ငြိမ်စေရေး သီးသန့်ငွေလိုအပ်ချက်သတ်မှတ်ခြင်းနဲ့ အပ်ငွေလေလံစနစ်တို့ကို ဆောင်ရွက်လျက်ရှိဟု ဗဟိုဘဏ်ပြော[detail]
ကုလအေဂျင်စီများပါဝင်သည့် နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ရခိုင်သို့သွားရောက်[detail]
ဖိလစ်ပိုင်တွင် ရေဒီယိုသတင်းကြေညာသူတစ်ဦးကို သေနတ်သမားတွေ ပစ်ခတ်သတ်ဖြတ်[detail]
ထိုင်းနိုင်ငံမှာ “ဝ”ဘက်မှ လာတဲ့ ရာဘမူးယစ်ဆေးပြား ၈ ဒသမ ၄ သန်း ဖမ်းဆီးရမိ[detail]
“Do you love me” လို့မေးပြီးယောက်ျားဆန်ဆန်ပုံလေးတွေတင်ထားတဲ့စိုးပြည့်သဇင်[detail]

ဘရူနိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၁ အသင်းကို လူငယ်သွေးသစ်များဖြင့် ဖွဲ့စည်း

Thu Han 2018-03-13 1392 MFF

ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဘရူနိုင်းဖိတ်ခေါ်ဖလား Hassanal Bolkiah Trophy for Asean Youth Football 2018 ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာယူ-၂၁ အသင်းကို နည်းပြချုပ် ဦးကြည်လွင်ဦးဆောင်ကာ ရွေးချယ်ဖွဲ့စည်းလိုက်ပါတယ်။

https://picture.myanmaplatform.com/w/a/2018/03/13/1520935974797.jpg

အဆိုပါလူစာရင်းမှာ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ လူငယ်သွေးသစ်ကစားသမားများ ပါဝင်လာပြီး မတ်လ ၁၁ ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဘရူနိုင်းဖိတ်ခေါ်ဖလားအား ဘရူနိုင်းနိုင်ငံတွင် ၂၀၁၈ ဧပြီလ ၂၀ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တီမော၊ စင်ကာပူ၊ မြန်မာ၊ ဘရူနိုင်း စသည့်အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာ ယူ-၂၁ အသင်းအနေနဲ့ ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအပါအ၀င် နိုင်ငံတကာပြိုင်ပွဲအသီးသီး အတွက် ပြိုင်ပွဲအတွေ့အကြုံရရှိစေမှာဖြစ်ပါတယ်။

https://picture.myanmaplatform.com/w/a/2018/03/13/1520935994368.jpg

မြန်မာလက်ရွေးစင် ယူ-၂၁ အသင်း လူစာရင်း
===================
နည်းပြချုပ် - ဦးကြည်လွင် (MFF)
လက်ထောက်နည်းပြ- ဦးကျော်လွင် (ဧရာဝတီ ယူနိုက်တက်)၊ ဦးချစ်နိုင် (MFF)
ဂိုးနည်းပြ - ဦးမျိုးကျော်သူ (မကွေးအက်ဖ်စီ)

ဂိုး - ဘုန်းသစ္စာမင်း(ရှမ်းယူနိုက်တက်)၊ ထွန်းနန္ဒဦး (မြ၀တီ အက်ဖ်စီ)၊ နိုင်လင်းထွန်း (ဟံသာဝတီ ယူနိုက်တက်)

နောက်တန်း- သူရိန်စိုး (ရန်ကုန် ယူနိုက်တက်)၊ သက်ပိုင်ထွေး (ရှမ်း ယူနိုက်တက်)၊ ရဲရင့်အောင်၊အောင်ဝဏ္ဏစိုး(ရတနာပုံအက်ဖ်စီ)သန်းထိုက်ဇင်၊စိုးမိုးကျော်(ISPE)၊ ဇော်ဝင်းမောင်၊ ၀င်းမိုးကျော်၊ ဟိန်းထက်စည်သူ(မကွေး အက်ဖ်စီ)၊ ကျော်သူထွန်း (ဟံသာဝတီ ယူနိုက်တက်)

အလယ်တန်း - ရဲနိုင်ဦး၊စိုးလွင်လွင်၊မြတ်ထွန်းသစ်၊ဇေယျာနိုင် (မကွေးအက်ဖ်စီ)၊ဇွဲသက်ပိုင်(ရှမ်းယူနိုက်တက်)၊လွင်မိုးအောင်(ISPE)၊ ပြည့်စုံနိုင်၊ မြတ်ကောင်းခန့် (ရတနာပုံ အက်ဖ်စီ)၊ဟိန်းထက်အောင် (ဟံသာဝတီယူနိုက်တက်)

ရှေ့တန်း - ၀င်းနိုင်ထွန်း (ရတနာပုံ အက်ဖ်စီ)၊ အောင်ကောင်းမာန် (ဧရာဝတီ ယူနိုက်တက်)၊ ဇင်မင်းထွန်း (မကွေးအက်ဖ်စီ)

https://picture.myanmaplatform.com/w/a/2018/03/13/1520936012914.jpg

comments

There is no comment

Publish reply