Myanmar Platform

  1. NO DATA
မြန်မာကျပ်ငွေတည်ငြိမ်စေရေး သီးသန့်ငွေလိုအပ်ချက်သတ်မှတ်ခြင်းနဲ့ အပ်ငွေလေလံစနစ်တို့ကို ဆောင်ရွက်လျက်ရှိဟု ဗဟိုဘဏ်ပြော[detail]
ကုလအေဂျင်စီများပါဝင်သည့် နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ရခိုင်သို့သွားရောက်[detail]
ဖိလစ်ပိုင်တွင် ရေဒီယိုသတင်းကြေညာသူတစ်ဦးကို သေနတ်သမားတွေ ပစ်ခတ်သတ်ဖြတ်[detail]
ထိုင်းနိုင်ငံမှာ “ဝ”ဘက်မှ လာတဲ့ ရာဘမူးယစ်ဆေးပြား ၈ ဒသမ ၄ သန်း ဖမ်းဆီးရမိ[detail]
“Do you love me” လို့မေးပြီးယောက်ျားဆန်ဆန်ပုံလေးတွေတင်ထားတဲ့စိုးပြည့်သဇင်[detail]

Samsung ရဲ့ နောက်ဆုံးထုတ် Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းနှစ်မျိုး မြန်မာနိုင်ငံမှာ မိတ်ဆက်

Pay Too 2018-03-08 1624 Myanma Platform

ရန်ကုန်၊ မတ်လ


နည်းပညာခေတ်ရေစီးကြောင်းမှာ မျောပါနေကြတဲ့ လူသားတွေအတွက် စမတ်ကျမှုနဲ့ လုပ်ငန်းလို အပ်ချက်ကို လိုက်လံဖြည့်စွက်ပေးနိုင်မယ့် စမတ်ဖုန်းတွေဟာလည်း အမြဲလိုအပ်လာပါတယ်။ ဒီအရာတွေအတွက် Samsung က မျက်နှာပြင်အပြည့်နဲ့ နောက်ဆုံးထုတ် Feature တွေပါဝင်တဲ့ စမတ်ဖုန်းကို မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် နိုဗိုတယ်ဟိုတယ်မှာ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ Samsung Galaxy S9 နဲ့ S9+ တို့ဟာ ကင်မရာစွမ်းဆောင်ရည်ကို အဆင့်မြှင့်ပေးထားပြီး ကိုယ်ပိုင် Emoji တွေနဲ့ပါ သုံးစွဲနိုင်အောင် ဖန်တီးပေးထားပါတယ်။ Social App တွေသုံးစွဲတဲ့အခါ သက်ဆိုင် ကုမ္ပဏီတွေက ထုတ်ပေးထားတဲ့ Emoji တွေကို မသုံးချင်ဘူးဆိုရင် ကိုယ်ပိုင်အနေနဲပ ဖန်တီးသုံးစွဲလို့ရပါတယ်။ အဆင့်မြှင့်ပေးထားတဲ့ ကင်မရာမှာ အလင်းရောင်ဝင်ပေါက်က အားနည်းနေရင်လည်း အလင်းဝင်ပေါက် နှစ်ခုပါဝင်တဲ့ မှန်ဘီလူးထည့်သွင်းပေးထားပါတယ်။ အဲဒါအပြင် ဗီဒီယိုရိုက်တဲ့အခါမှာလည်း Super Slow-Motion တွေထည့်သွင်းပေးထားပါတယ်။ ပုံရိပ်တွေကို ရိုက်ယူပြီးတဲ့အခါမှာ Wallpaper အနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။

စပီကာအနေနဲ့လည်း နှစ်လုံးပါဝင်ပြီး Dolby Atoms စနစ်ကြောင့် ကြည်လင်ပြတ်သားပြီး စွဲမက်စ ရာကောင်းတဲ့အသံကို ခံစားရမှာဖြစ်ပါတယ်။ ဒါအပြင်မှာ IoT ဝန်ဆောင်မှုတွေကို အဆင့်မြှင့်ပေးနိုင်တဲ့ SmartThingApp လည်းပါဝင်ပါတယ်။

“ကျွန်တော်တို့ တစ်ဦး နှင့် တစ်ဦး ဆက်သွယ်ပြောဆိုပုံ၊ မိမိတို့ရဲ့ ခံစားချက်တွေကို အများနဲ့မျှဝေပုံတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သာမန်မျက်လုံးတွေမြင်ရတာထက် ပိုပြီးမြင်နိုင်ပြီး ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာမြေကိုတွေ့ကြုံခံစားတဲ့ နည်းလမ်းတွေကို ပြောင်းလဲပေးပြီး အမှတ်တရ အခိုက်အတန့်တွေကို ဖမ်းယူသိမ်းဆည်းပေးနိုင်တဲ့ ကင်မရာတစ်လုံးကို စိတ်ကူးထဲမှာပုံဖော်ကြည့်လိုက်ပါ။” လို့ Samsung Myanmar က Head of IT and Mobile ကိုဇာနည်ဝင်းထက်က ပြောကြားပါတယ်။

လက်ရှိမှာတော့ မတ်လ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ Pre-Order မှာယူနိုင်ပြီဖြစ်ပြီး စရံငွေအဖြစ် ၅၀,၀၀၀ ကျပ်ပေးသွင်းရမှာဖြစ်ပါတယ်။ မှာယူထားတဲ့သူတွေအနေနဲ့ မတ်လ ၁၉ ရက်နေ့မှာ မှယူထားတဲ့ဆိုင်မှာ သွားရောက်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူသူတွေကတော့ ၃၀၀,၀၀၀ တန်ဖိုးရှိတဲ့လက်ဆောင်တွေကိုရရှိမှာဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဝယ်ယူရှိနိုင်မှာဖြစ်ပါတယ်။ Galaxy S9 ဝယ်ယူလိုသူတွေအနေနဲ့ 64 GB ပါဝင်တဲ့ အမည်းရောင်းတစ်မျိုးတည်းကိုသာ ဈေးနှုန်း ၁,၀၉၀,၀၀၀ ကျပ်နဲပ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Galaxy S9+ ဝယ်ယူလိုသူတွေအနေနဲ့ အမည်းရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်တွေရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး 128 GB ကို ဈေးနှုန်း ၁,၂၇၉,၀၀၀ ကျပ်၊ 256 GB ကို ဈေးနှုန်း ၁,၄၀၀, ၀၀၀ ကျပ်တို့နဲ့ ဝယ်ယူနိုင်ဖြစ်သလို Premium Care ဝန်ဆောင်မှုကိုလည်း ရရှိမှာဖြစ်ပါတယ်။


comments

There is no comment

Publish reply