Myanmar Platform

ချူအင်လိုင်းမှသည် ပုဂံယဉ်ကျေးမှုနယ်က ငလျင်ဒဏ်ခံစေတီပုထိုးများဆီသို့

စီစီဖြူ 2019-04-08 719

မတ်လ၁၈ ရက်နေ့ ညဆယ့်တစ်နာရီ နှစ်ဆယ့်ရှစ်မိနစ်လောက်က ပုဂံမှာ ငလျင်တစ်ခု ငြိမ့်ကနဲ လှုပ်ရှားသွားပါတယ်။ ဒီလိုငလျင် လှုပ်ရှားမှုကြောင့် ရှေးဟောင်းဘုရား စေတီ ပုထိုးတွေ ထပ်မံထိခိုက် ပျက်စီးမှာကို စိတ်ထဲမှာအတော်လေး စိုးရိမ်မိပါတယ်။ တော် သေးတာကတော့ အင်အားနည်းငလျင်သာဖြစ်ခဲ့လို့ပါ။

ပုဂံဟာ ငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံစားပြီးချိနဲ့နေခဲ့တာလည်း အတော်ကြာပါပြီ။  ၁၉၇၅ ခု၊ ဇူလိုင် ၈ ရက်နေ့မှာ လှုပ်ခဲ့တဲ့ပြင်း အား ၆.၈ ရှိတဲ့ ငလျင်ဒဏ်ကြောင့် ရှေးဟောင်းဘုရား တော် တော်များများ ထိခိုက်ပျက်စီးခဲ့ဖူးပါတယ်။ 

အနီးစပ်ဆုံး အနေနဲ့ကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက် ညနေပိုင်းက မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသကို ဗဟိုပြုပြီး အင်အား ၆ ဒသ ၈ အဆင့်ရှိသည့် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့မှုကြောင့်လဲ ပုဂံရှေးဟာင်းဒေသရှိ ဘုရား ပုထိုး စေတီများ၊ နံရံဆေး ရေးပန်းချီများ ပျက်စီးခဲ့ပြီး ထင်ရှားသော ဘုရား စေတီများအပါအ၀င် ရှေးဟောင်းအ ဆောက်အအုံ စုစုပေါင်း ၃၉၆ ဆူ ထိခိုက်ပျက်ဆီးခဲ့ပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ ပျက်စီးခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံတွေထဲက နေ ၇၀ ရာခိုင်နှုန်းခန့်ကို ပြန်လည်ပြုပြင်ပြီးဖြစ်တယ်လို့  မကြာသေးခင်က ပုဂံမှာ ပြု လုပ်တဲ့ ပွဲမှာ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို က ပြောကြားခဲ့ပါတယ်။

ဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့တဲ့ ရှေးဟောင်းစေတီ ပုထိုးတွေထဲမှာ ပြန်လည်ပြုပြင်ဖို့ အခက်ခဲဆုံးဖြစ်တဲ့  သဗ္ဗညုပုထိုးတော်ကြီး ပြုပြင် ဖို့ အတွက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက  ပညာရှင်တွေက လုံးဝတာဝန်ယူထားတယ် လို့လဲ သိရပါတယ်။

ပုဂံမှာတော့ အထင်ရှားဆုံးဖြစ်တဲ့  ဥာဏ်တော်- သဗ္ဗညု ၊ ထု- ဓမ္မရံ၊ အနု- အာနန္ဒာဆို တဲ့ အတိုင်းပဲ ဥာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညု ဘုရားကြီးဟာ ငလျင်ဒဏ်ကြောင့် အပေါ်ပိုင်းတွေ ပျက်စီးခဲ့ရပါတယ်။

သဗ္ဗညုပုထိုးတော်ကြီးဟာ ပုဂံမြို့ ဟောင်းအတွင်း အရှေ့ တောင်ဖက်ထောင့်မှာ တည်ရှိပြီး အလောင်းစည်သူ မင်းရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ ပုဗ္ဗာရုံ ကျောင်းတော် ကြီးကို အတု ယူပြီးတော့ တည်ထားကိုးကွယ်ခဲ့တာ ဖြစ်တယ်လို့ သိရှိမှတ် သားရပါ တယ်။ 

ပုဂံတစ်ဝိုက်မှာ ထုထည်ကြီးမားလှ ပြီး ဥာဏ်တော် အမြင့်မားဆုံး လေးထပ်လှိုဏ်ဂူ ဘုရားကြီးဖြစ်ပြီးတော့ ငလျင်ကြောင့်ထိခိုက် ပျက်စီးမှုများရှိတဲ့ အခါမှာ ပြန်လည်ပြု ပြင်ဖို့လဲ ခက်ခဲခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ပညာရှင်တွေတာ ၀န်ယူပြီး ပြန်လည်ပြင်ဆင်နေတာကိုတော့ သေသေချာချာမသိခဲ့ရပါဘူး။ ဒါကြောင့် လဲ သေချာပြန်လည်စေ့ငုကြည့်လိုက်တဲ့ အခါမှာတော့…။

၂၀၁၆ ခုနှစ် သြဂုတ်လ ညနေ၅နာရီနဲ့ လေးမိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် ပြီးပြီးချင်း တစ်ပတ်အတွင်းမှာပဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးနဲ့ မိသားစု က နေပြည်တော်ကိုလာရောက်ခဲ့ပြီး  အလှူငွေ ကျပ်သိန်းတစ်ထောင်ကို စတင်လှူဒါန်း ထောက်ပံ့ခဲ့ပါတယ်။ 

တရုတ်သံအမတ်ကြီးက တစ်ဆင့် ထပ်မံတင်ပြပေးမှုကြောင့်  တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အစိုးရကနေပြီး ဒေါ်လာတစ်သန်းကို လှူဒါန်းထောက်ပံ့ပေးခဲ့တာကို သိခဲ့ရပါ တယ်။

ယခုနှစ်ဦးပိုင်း ဇန်န၀ါရီလ ရှစ်ရက်နေ့က ပုဂံမှာ  ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင် လိုင်း ပုဂံသို့လာရောက်လည်ပတ်ခြင်း၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတလှူဒါန်းပွဲမှာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က မိန့်ခွန်းပြောကြားပေးရာမှာ ဒီအလှူငွေတွေနဲ့ ပတ်သက်ပြီးလည်း အခုလို ရှင်းပြသွား ခဲ့ပါတယ်။

“အဲဒီ တရုတ်အစိုးရက လှူဒါန်းတဲ့ ဒေါ်လာတစ်သန်းကို ဗဟိုဘဏ်မှာပဲ ထိန်းသိမ်းထား ရှိပြီးတော့မှ အခုထိမသုံးရသေးပါဘူး။ သဘာဝဘေးအန္တရာယ်ဆိုတာ နှစ်စဉ်လိုလို အမြဲ ကြုံတွေ့နိုင်တဲ့ပြဿနာဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် အရန်သင့်ရှိနေစေဖို့  ငွေတွေကို အရန် အဖြစ်ထားရှိတာဖြစ်တယ်” လို့မိန့်ခွန်းထဲ မှာ  ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ပုဂံဒေသမှာ ပျက်စီးသွားခဲ့တဲ့ ကျန်သာသနာ့ အဆောက်အအုံ တွေပြုပြင်ရာမှာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြီးသည်အထိ ငွေကြေးပိုင်းအရ သာမက နည်းပညာအပိုင်းအရပါ အကူအညီတွေပေးလျှက်ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ဘာကြောင့် ဒီလို အကူအညီလိုတိုင်းပေးနေပါသလဲ။  ဒါကတော့ တရုတ်နိုင်ငံရဲ့ မူအတိုင်းပဲ Socialism With Chinese Characteristics ကြောင့်ပဲလို့ ထင်မြင်မိပါတယ်။  ဒီစနစ်ကြောင့် တရုတ်ပြည်ဟာဖွံ့ဖြိုးတိုးတက်လာတဲ့ အပြင် အိမ်နီးချင်း နိုင်ငံများနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေ အဖြစ်ပုံဖော်နိုင်ဖို့ ကြိုးစားနေ ကြလို့ပဲ ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

မြန်မာနိုင်ငံနဲ့ တရုတ် နိုင်ငံ ဆိုတာကီလိုမီတာ ၁၃၀၀ကျော်လောက် ဆက်စပ်နေတဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်ချင်းနီးနိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ချူအင်လိုင်းလက်ထက်ကလည်း သူတာဝန်ထမ်းဆောင်နေတဲ့ ၁၂နှစ်တာကာလ အတွင်း မြန်မာနိုင်ငံကို ကိုးကြိမ်တိုင်တိုင် လာရောက်လည်ပတ်ခဲ့သူဖြစ်တာကြောင့် မြန်မာ နိုင်ငံကို အများဆုံးလာရောက်လည်ပတ်တဲ့ ပြည်ပနိုင်ငံခေါင်းဆောင်တစ်ဦး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီလို ရင်းနှီးမှုတည်ဆောက်ထားတာ ကြာရှည်နေတဲ့ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ဆိုရင်လည်း မြန်မာနိုင်ငံအတွက် တစ်ချို့သော အကူအညီပေးရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်နေဆဲဖြစ်ပါတယ်။

ဒီနေရာမှာ မှတ်သားထားဖူးတာတစ်ခုက ၁၉၇၅ ခုနှစ်နှစ်ကုန်ပိုင်းမှာ ၀န်ကြီးချုပ်ချူ အင်လိုင်းရဲ့ ကျန်းမာရေးချို့တဲ့လာတဲ့ သတင်းကြောင့် သမ္မတကြီးဦးနေ၀င်းက ၀န် ကြီးချုပ်ချူရဲ့ ရောဂါကုထုံးအတွက် ကယားပြည်နယ် လောပိတဒေသထွက် အကောင်း ဆုံးငှက်ပျောသီးတစ်မျိုးကို ရှာဖွေဖို့ ဒေသခံအရာရှိတွေကို ချက်ချင်းတာဝန်ပေးပြီးတော့  ရရှိတဲ့ အခါမှာ မိုင်ပေါင်းထောင်ချီဝေးတဲ့ ပေကျင်းကို ပို့ဆောင်ပေးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ 

ဒီတော့ နှစ်နိုင်ငံချစ်ကြည်ရေးဟာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်တာကြောင့် ကောင်း မွန်တဲ့ အိမ်နီးချင်းဆက်ဆံရေးအဖြစ် မြန်မာ-တရုတ်နှစ်နိုင်ငံလုံးက ခေါင်းဆောင် တွေ ဟာ ခေတ်အဆက်ဆက်ကြိုးပမ်းနေကြတာလဲ ဖြစ်ပါတယ်။

သမ္မတကြီး ရှီကျင့်ဖျင်လက်ထက် လက်ရှိအချိန်မှာ အကောင်အထည်ဖော်နေတဲ့  ပိုးလမ်းမစီမံကိန်းမှာ မြန်မာက အစောဆုံးပါဝင်ထားခဲ့ပါတယ်။AIIB Bank ရဲ့ ပရော ဂျက်တွေမှာလည်း မြန်မာနိုင်ငံဟာ Founding Member ဖြစ်ပြီး လိုအပ်တဲ့ ငွေကြေး ထည့်ဝင်ပြီးတော့ ဆောင်ရွက်နေပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် ကအခုလိုပြောပြခဲ့ပါသေးတယ်။

“ ဒီပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ငြိုငြင်မှုကို စိုးရိမ်ပြီးတော့ ရ လာမယ့် အခွင့်အရေးတွေကို လက်လွတ်မခံပါနဲ့။ ရအောင်ယူပါလို့ ကျွန်တော်တို့ လွန်ခဲ့ တဲ့ နှစ်နှစ်လောက်ကတည်းက တိုက်တွန်းခဲ့ပါတယ်။ ယနေ့ကျွန်တော်တို့ အစိုးရအနေနဲ့ ကလည်း တက်တက်ကြွကြွလိုလိုလားလား နှစ်နှစ်ခြိုက်ခြိုက် ဆောင်ရွက်နေတာတွေ့ တဲ့ အတွက်ကြောင့် အကျိုးကျေးဇူးတွေရမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

ဒီလို ရင်းနှီးတဲ့ ဆက်ဆံရေးမှသည် နှစ်နိုင်ငံ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အပါအ၀င် အကူအညီပေးရေးတွေမှာ လက်မ နှေးခဲ့တာ ဖြစ်ပါလိမ့်မယ်။ 

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ငလျင်ကြောင့် အကူအညီလိုတဲ့ အခါမှာ ချက်ချင်းဆိုသ လို တရုတ်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဌာနက ၂၀၁၆ စက်တင်ဘာမှာ ချက် ချင်းပဲ သက်ဆိုင်ရာ ကျွမ်းကျင်သူများဖွဲ့ စည်းပြီးပုဂံဒေသကို စေလွှတ်ခဲ့တာဖြစ်ပါ တယ်။

ဒါ့အပြင်မြောက်ဦးဒေသကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တင်သွင်းနိုင် ဖို့ အတွက်ကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ  အရှေ့တောင် ဗိသုကာတက္ကသိုလ် က ပညာရှင်တွေက မြန်မာနိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ မြောက်ဦးဒေသကို ကွင်းဆင်းလေ့လာတိုင်းတာမှုများ ဆောင်ရွက်ခဲ့တာ သိရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီးလည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “ မြောက် ဦးဒေသကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မြန်မာပြည်သူ အချို့ကတော့ ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ အကူအညီတွေ နည်းပညာ ပံ့ပိုးမှုတွေရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် တကယ်တော့ အိပ်မက်ထဲ မှာပဲ ပျောက်ကွယ်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက သာ ကူညီပေးခဲ့တာပါ” လို့ ယခုနှစ်ဦးပိုင်း ဇန်န၀ါရီလ ရှစ်ရက်နေ့က ပုဂံမှာ  ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင် လိုင်း ပုဂံသို့လာရောက်လည်ပတ်ခြင်း၅၈ နှစ်ပြည့် အထိမ်းအမှတ် တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော် ပရဟိတလှူဒါန်းပွဲမှာ ပြော ကြားခဲ့ပါတယ်။

အခုချိန်မှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀န်ကြီးချုပ်ချူအင်လိုင်းကွယ်လွန်ခဲ့တာ ၄၃ နှစ်တောင်ရှိခဲ့ပါပြီ။ သူလာလည်ဖူးတဲ့ ပုဂံမှာလည်း သူကွယ်လွန်ခြင်းကိုရည်စူး ပြီး တော့ အလှူအတန်းတွေလည်းပြုလုပ်ခဲ့ကြပါပြီ။

မြန်မာနဲ့ တရုတ်ဟာ ၁၉၄၉-၅၀ ခုနှစ်လောက်ကတည်း စတင်ပြီး ၀န်ကြီးချုပ် ချူအင်လိုင်းရဲ့ ကြိုးပမ်းမှုကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထူထောင်နိုင်ခဲ့တာကြောင့် နောင်နှစ်ပေါင်းများစွာမှာလည်း အဓွန့်ရှည်တည်တံ့နိုင်ပါစေလို့ တောင်းဆုပြုရင်း…။





comments

There is no comment

Publish reply