Myanmar Platform

သင်္ကြန်အပြီး ပျက်စီးနေတဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

Thu Thu 2019-04-12 249

ယနေ့ခေတ်မှာ အမျိုးသမီးတွေရော အမျိုးသားတွေပါ skin care ဆိုတဲ့ အသားအရေ ထိန်းသိမ်းမှုကို စိတ်ပါဝင်စားစွာနဲ့ ဂရုပြုထိန်းသိမ်းလာ ကြပါတယ်။ ယခုကျရောက်တော့မယ့် သင်္ကြန်ကာလဟာ အသားအရေ အပျက်စီးဆုံး ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ သင်္ကြန်ကာလ အတွင်းမှာ အမျိုးသမီးတွေရော အမျိုးသားတွေပါ နေ၊ ရေကြောင့် အသားအရေ ပျက်စီးရ တတ်ပါတယ်။ ဒါ့အပြင် အရက်သေစာ အလွန်အကျွံ သောက်စားခြင်း၊ အစားအသောက် မမှန် ခြင်းတို့ကြောင့်လည်း အသားအရေကို ပိုပြီး ပျက်စီးနိုင်စေပါတယ်။

သင်္ကြန်အတွင်းမှာ ရေကစားလို့ အသားအရေ ပျက်စီးသွားတဲ့ သူတွေအတွက် မိမိရဲ့အသားရေကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ဒီလို ပြုပြင်တဲ့ နေရာမှာ Beauty Salon တွေမှာ သွားရောက် ပြုလုပ်နိုင်သလို သဘာဝ နည်းလမ်းတွေနဲ့လည်း ပြုပြင်ထိန်းသိမ်းလို့ ရပါတယ်။ 

သဘာဝနည်းလမ်းနဲ့ ပြုပြင်ထိန်းသိမ်းမယ် ဆိုရင်တော့ အာလူးကို အခွံနွာပြီး ကြိတ်ချေကာ နှင်းဆီပွင့်ဖတ်ရည်နဲ့ ရောပြီး၊ အသားခြောက်သွေ့သူဖြစ်ရင် ပျားရည်အနည်းငယ် ရောထည့်ကာ မျက်နှာအနှံ့လိမ်းပြီး မျက်နှာသစ်ခြင်းနဲ့လည်း နေဒဏ်ခံရတဲ့ အသားရေကို ထိန်းသိမ်းနိုင်ပါတယ်။

နေဒဏ်ခံရတဲ့ အသားရည်ကို ကုစားဖို့အတွက် အားလူးတင် မကသေးပါဘူး။ သခွားသီးနဲ့လည်း ဆောင်ရွက်လို့ ရပါသေးတယ်။ သခွားသီးအရည်ကို နှင်းဆီပွင့်ဖတ်ရည်၊ သံပရိုသီး အရည်တွေနဲ့ အတူ နေရောင်ခြည်ကြောင့် ထိခိုက် ပျက်စီးသွားတဲ့ အရေပြားပေါ်ကို လိမ်းပြီး ၁၅ မိနစ်ထားပြီးမှ ရေဆေး သန့်စင်ပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်း ပေးနိုင်ရုံသာမက သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ကပ်ပေးခြင်းဖြင့်လည်း အစိုဓာတ်ကို ထိန်းသိမ်း ပေးနိုင်ပါတယ်။ 

ဒါ့အပြင်   သံပရိုသီးအရည်ကို အသုံးပြုပြီး မျက်နှာနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ နေရောင်ခြည်ကြောင့် ဖြစ်ပွားတဲ့ အညိုအမည်းတွေကို ဖယ်ရှားနိုင်တဲ့အတွက် သံပရိုသီးအရည်ကို အညိုအမည်းရှိရာ အရေပြားပေါ်သို့ တိုက်ရိုက် လိမ်းနိုင်သလို ပျားရည်နဲ့ ရောလိမ်းပေးပြီး ၁၅ မိနစ်ထားပြီးမှ မျက်နှာသစ်ရင်လည်း အဆင်ပြေစေပါတယ်။ 

နေလောင်ထားတဲ့ အသားအရေကို ပြန်ဖြူလာစေဖို့ အတွက်ဆိုရင်တော့ သဘာဝသစ်သီး သစ်ဖုတွေနဲ့ ကုစားပေးလို့ ရပါတယ်။ နို့မှုန့် တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ ပျားရည် (စားပွဲတင်ဇွန်း)၊ သံပရာရည် တစ်ဇွန်း၊ ဗာဒံစေ့အဆီ ဇွန်းဝက်ခန့်ကို ရောစပ်ပြီး မျက်နှာကို လိမ်းပေးပြီး ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်ခန့်ကြာအောင် အခြောက်ခံပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေနဲ့မျက်နှာကို သစ်ပေးရမှာပါ။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေ ပြန်ဖြူလာမှာပဲ ဖြဟ်ပါတယ်။

ဒ့ါအပြင် တခြားနည်းလမ်း တစ်ခုကတော့ ခရမ်းချဉ်သီးကို ကြိတ်ပြီး ရလာတဲ့ အရည်အနှစ်နဲ့ သံပရာရည် နှစ်စက်သုံးစက်ခန့်ကို ရောပြီး မျက်နှာပေါ်မှာ လိမ်းကျံပေးပြီး မိနစ်၂၀ ခန့်ကြာအောင် အခြောက်ခံကာ ရေနဲ့ ပြန်သစ်ပေးရမှာ ဖြစ်ပါတယ်။  တစ်နေ့ကို နှစ်ကြိမ် လုပ်ပေးပြီး ဆယ့်ငါးရက် ကနေရက်၂၀အထိ လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒီလို လွယ်ကူတဲ့ သဘာဝနည်းတွေနဲ့လည်း သက်ြင်္န်ရေကစားပြီး ပျက်စီးသွားတဲ့ အသားရေကို ပြန်လည် ထိန်းသိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။


comments

There is no comment

Publish reply